Htarwarah Thitsar

နွေမိုးဆောင်းတို့ ပြောင်းလဲနေတယ်နေ့တွေလည်း
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့လည်း
လမင်းကြီးလည်း အလင်းနဲ့
အမှောင်တစ်လှည့်တိုးဝင်ဆဲ
ဒါတွေက ကိုယ့်အချစ်တွေ
မပြောင်းလဲပစ်နိုင်ခဲ့

ကိုယ်ရင်ထဲမှာ မင်းတစ်ယောက်ထဲသာ
ကဗ္ဗည်းတွင်ထားခဲ့ ကျန်တာမလိုအပ်ဘူး
မင်းအရှေ့မှာ ဘဝကို ပုံအပ်ထား

ထာဝရ ကိုယ့်ရင်ထဲ
ပင်လယ်ရေ ခမ်းခြောက်သွားလည်း
အမြဲတမ်းချစ်နေမယ်
ဒီလောက တစ်ခုလုံး
ကြွေကာပျက်စီးသွားလည်းလေ
ထာဝစဉ်တည်မြဲ ကိုယ့်ရဲ့အချစ်တွေ
မင်းလေးအတွက်သာ အမြဲတမ်းရှင်သန်မှာ

တိမ်တိုက်ကြီးလည်း မိုးသားပြင်နဲ့
အုံ့မှိုင်းနေတယ် လေပြေညှင်းလေးတိုက်လာ
လွင့်ပျယ်လို့သွားခဲ့ ကြယ်လေးများလည်း
ညနက်သန်းခေါင်ထဲ ပျောက်ကွယ်သွားလည်း
အရောင်တွေမမှိန်တဲ့
မင်းအတွက် ကိုယ့်ရဲ့အချစ်တွေနဲ့

ကြုံတွေ့မယ် လောကကြီးရဲ့ လှည့်ကွက်များနဲ့
အနိမ့်အမြင့် ဒီအခက်အခဲ
အတားဆီးတွေရှိလာမယ်
ပိတ်ဆို့သူရှိလာလည်း
မငြိုငြင်ပါပဲ ရင်ထဲက ချစ်နေမယ်

ကိုယ်ရင်ထဲမှာ မင်းတစ်ယောက်ထဲသာ
ကဗ္ဗည်းတွင်ထားခဲ့ ကျန်တာမလိုအပ်ဘူး
မင်းအရှေ့မှာ ဘဝကို ပုံအပ်ထား

ထာဝရ ကိုယ့်ရင်ထဲ
ပင်လယ်ရေ ခမ်းခြောက်သွားလည်း
အမြဲတမ်းချစ်နေမယ်
ဒီလောက တစ်ခုလုံး
ကြွေကာပျက်စီးသွားလည်းလေ
ထာဝစဉ်တည်မယ့် ကိုယ့်ရဲ့အချစ်တွေ
မင်းလေးအတွက်သာ
အမြဲတမ်းရှင်သန်မယ်



Credits
Writer(s): Drone
Lyrics powered by www.musixmatch.com

Link