Moonlight

လရောင်ရဲ့ လမ်းမထက်မှာ
တို့ဆုံခဲ့ လှေကားထစ် အဟောင်းလေးမှာ
ထိုင်နေရင်း
မြက်ခင်းစိမ်းစိမ်းတွေ ငေးကြည့်ဖူးတယ်
မပြိုလဲနိုင်ခြင်း ငါတို့ရဲ့ အချစ်တွေ
တွေ့ဆုံခြင်း ထာဝရမြဲလိမ့်မယ်
ယုံကြည်လည်း
ဒီကတိတွေ သစ်ရွက်ခြောက်လို မြေမှာနွမ်းလျ

သူထွက်သွားတဲ့အဝေးကို
လှမ်းလို့မျှော်ကြည့်ရင်း
တားဆီးဖို့အတွက်
ဒီနှုတ်ခမ်းဖျားမှာ ဆွံ့အနေ
ပြန်မဆုံတွေ့ဖို့ ဖြစ်လာတယ်
တိုးတိတ်လို့ ငြိမ်သက်
ဒီ ၅မိနစ်လေးသာ
တစ်သက်လုံးအတွက် သိမ်းထားလိုက်ချင်တယ်

စိတ်ချပြီးထွက်သွား
ငါ့ရဲ့ အမည်းစက်တွေနဲ့
မင်းရဲ့ဘဝကို အရောင်တွေ မဆိုးပါရစေနဲ့
စိတ်ချပြီး ချန်သွား
ပေါင်းစပ်ဖို့မှ မဖြစ်နိုင်တာ
ဖြူစင်မှုတို့နဲ့ ဘဝကို
အသစ်ကပြန်စ

ပြောင်းလဲမရနိုင်တဲ့ ကံတရားရယ်
နဖူးစာမှာ ပါလာတဲ့ အပြစ်အနာအဆာများ
ငါချစ်ခဲ့တယ် ငါယုံစားတယ်
တစ်နေ့နေ့ ဒီလိုမျိုးတွေ ဖြစ်လာမှာလား
ငါမသိခဲ့ သုညနဲ့
စခဲ့တဲ့ခရီးက စမှတ်မှာ ပြန်အဆုံးသတ်
ပြဋ္ဌာန်းခဲ့ပြီးသား မင်းအချစ်နဲ့မထိုက်တန်
ငါငြင်းဆန်နေခဲ့လည်း ရှောင်လွှဲလို့ မရနိုင်တာ
မုန်းရန် ဘုံဘဝတွေ
ကွာဝေးတဲ့ မင်းနဲ့ငါကြား ဖြတ်မျဥ္းတွေတား
ငါတရှိုက်မက်မက် အခုထိ စွဲလမ်းနေသေးလည်း
အဆုံးသတ်ကျ သက်ပြင်းတွေချ
ကြုံရမယ့် လောကဓံအတွက် မင်းအားတင်းထား
ငါမရှိလည်း မင်းနေသားကျသွားမှာ
ငါ့ရင်ဘတ်ကို အရှုံးခံ
နုံအတဲ့ ဒီကြိုးတွေကို မေ့ပစ်ပြီး မင်းအဝေးကိုသွား
မာယာတွေများတဲ့ ဒီလောကကြီးထဲ
မင်းလမ်းပျောက်သွားမှာ ငါစိုးရိမ်မိလို့
အသုံးခံ ခစားချင်လည်း
ရင်နာလည်း မင်းဘဝအတွက် ဆုံးဖြတ်တယ်
မင်းလေးကို နာကျင်စေလိုစိတ် မရှိပါ ကလေးရာ
ငါတို့ဝေးသွားတဲ့အချိန်မှာ
ကြယ်တွေကို ရေခဲ့တဲ့ အမှတ်တရတွေ အတွက်
ကောင်းကင်ကို မော့ကြည့်တိုင်း သတိရပေးပါ

စိတ်ချပြီးထွက်သွား
ငါ့ရဲ့ အမည်းစက်တွေနဲ့
မင်းရဲ့ဘဝကို အရောင်တွေ မဆိုးပါရစေနဲ့
စိတ်ချပြီး ချန်သွား
ပေါင်းစပ်ဖို့မှ မဖြစ်နိုင်တာ
ဖြူစင်မှုတို့နဲ့ ဘဝကို
အသစ်ကပြန်စ



Credits
Lyrics powered by www.musixmatch.com

Link