A Htone Sate

အပြောင်းအလဲများတဲ့ နေ့စွဲတွေ
ပြန်ဆန်းစစ်ခွင့်မရှိတဲ့ ကံကြမ္မာလားတွေး
ဖြစ်ပြီးပျက်တယ်ပြောတဲ့လူတွေကို
ငါကိုယ်တိုင် ခုကြုံတွေ့နေ

အရောင်အဆင်းမရှိတဲ့
ကဗျာတစ်ပုဒ်လဲတွေ့
အမှောင်ထုထဲကအသက်ရှူသံတွေကြားနေ
ထင်မထားလောက်တဲ့ ကိုယ်ကျိုးနဲအဖြစ်တွေ
ရင်ဆိုင်ရလဲမမှု့ပေ

သူစိမ်းဆန်သွားတဲ့ အရင်ခင်တွယ်မှု့လေးတွေ
အဖက်တောင်မလုပ်ပဲ ညှီစော်နံတဲ့ အပြုံးများက
ငါ့ကိုစိန်ခေါ်နေတုန်းဟေး

ထုံသွားပြီ ငါ့ ဦးနှောက်နဲ့ စိတ်ဓာတ်တွေ
မီးထွန်းထားတဲ့ဖယောင်းတိုင်လို
တငွေ့ငွေ့လောင်ကျွမ်းလို့အရည်ပျော်နေထုံသွားပြီ
ငါ့အရည်အချင်းနဲ့စာရိတ်တတွေ
ဘယ်သူ့ဘက်မှလဲငါအကောင်းမတွေး
ကိုယ်လိုရာ ကို ဆွဲသွင်းရင်း
အတ္တစေရာမှာနေ
ရေရေးရေးနားနားနား

ယုတ်ညံတဲ့အရေခြုံလူလို့ဝိုင်းပြောနေ
အဆိပ်တောက်နဲ့ ဘယ်နေရာမှလဲ
အသုံးမတည့်ဘူးဟေး
မင်းတို့သတ်မှတ်တဲ့အတိုင်း ပုံစံခွက်ကြီးလေ

အရောင်အဆင်းမရှိတဲ့
ကဗျာတစ်ပုဒ်လဲတွေ့
အမှောင်ထုထဲကအသက်ရှူသံတွေကြားနေ
ထင်မထားလောက်တဲ့ ကိုယ်ကျိုးနဲအဖြစ်တွေ
ရင်ဆိုင်ရလဲမမှု့ပေ



Credits
Writer(s): Phoe Two
Lyrics powered by www.musixmatch.com

Link