Psycho (feat. AI NOK)

နာရီသံတွေဆူညံနေ တိတ်ဆိတ်ညသန်းခေါင်အသံများငါ့ရဲ့ဘေး
တစ်ယောက်ယောက်များ ရှိမလားအတွေးနဲ့
ယောက်ယပ်ခတ်တဲ့ကစဥ့်ကလျားစိတ်တွေ
အထီးကျန်ခြင်းတွေကနေစ ကျနေတဲ့ငါ့မသိစိတ်တွေကများ
အားပေးသမျှတွေတစ်ခုမှမကြား ငါ့ရဲ့နားကိုဘယ်အရာကပိတ်ဆို့ထား
မှောင်နေပါတယ်ဆိုတဲ့ ငါ့အခန်းပြင်မျက်နှာကျပ်မှာကြယ်လဲမတွေ့
မရှိမဲ့ရှိမဲ့အလင်းများနဲ့ ငါမြင်နေတာဘာပုံရိပ်များလဲ
စိတ်တွေစခြောက်ခြားနေလား သောက်နေကြအာဟာရရှာမရ
ဘဝတစ်ခုလုံးကိုဆွဲမျိုချ ငါ့မနက်ဖြန်ငါမပိုင်တော့ဘူး
ဝုန်းဒိုင်းပေါက်ကွဲ ဦးနှောက်အရောင်တွေမဲ့
တစ္ဆေလိုလိုဘာကောင်မှန်းမသိငါ့ကိုနှုတ်ဆက်နေ
ရုန်းထွက်ချင်ပေမဲ့ ငါကိုယ်တိုင်အစစ်လားတွေး
ဝေခွဲမရစိတ် မနက်မိုးသောက်အောင်ငါဆုတောင်းနေ
တစ်ယောက်အသဲခွဲပေး ငါ့ဘဝကိုပြန်ပေး
တစ်ယောက်အသဲခွဲပေး ငါ့ဘဝကိုပြန်ပေး
ယောင်ယောင်အော်နေပါတယ် ဘေးကလူတွေမျိုးစုံ ငါ့ကိုထင်ကြေးပေး
မသိစိတ်သိစိတ်ခွဲခြားရင်း ငါ့ဝင်္ကပါထဲ လမ်းပျောက်နေ
အဆုံးတွေအစတွေ ဘောင်ခတ်လို့ထား
ငါ့ငါတားလဲ ငါ့စိတ်ငါပြန်မရ
ငါ့ဆီစွဲနေတဲ့အရာတွေက ငါ့ကိုယ်ငါတောင်ပြန်ဖတ်လို့မရ
နောင်ကြဥ်စရာတွေ တရားနဲ့ဖြေဆို
မသိတဲ့လူတွေလာလာမေး လက်ရှိငါရပ်နေတဲ့နေရာလေး
ဘယ်ဘုံလဲလို့ ငါ့ကိုအကြိမ်ကြိမ်မေး
တွေဝေမနေပဲ လုပ်စရာရှိတာအကုန်လုပ်ဟေ့
အတုအစစ်မခွဲပဲ ဘဝကိုအလိုက်သင့်မျောပါရင်း
လမ်းကြုံရာကို တစ်ယောက်တစ်လှည့်နဲ့ဖြည့်ကာတွေး
ဖြစ်သမျှအကြောင်းတွေ အားလုံးအကောင်းပဲဟေ့
ဝုန်းဒိုင်းပေါက်ကွဲ ဦးနှောက်အရောင်တွေမဲ့
တစ္ဆေလိုလို ဘာကောင်မှန်းမသိငါ့ကိုနှုတ်ဆက်နေ
ရုန်းထွက်ချင်ပေမဲ့ ငါကိုယ်တိုင်အစစ်လားတွေး
ဝေခွဲမရစိတ် မနက်မိုးသောက်အောင်ငါဆုတောင်းနေ
ဝုန်းဒိုင်းပေါက်ကွဲ ဦးနှောက်အရောင်တွေမဲ့
တစ္ဆေလိုလို ဘာကောင်မှန်းမသိငါ့ကိုနှုတ်ဆက်ရင်း
ရုန်းထွက်ချင်ပေမဲ့ ငါကိုယ်တိုင်အစစ်လားတွေး
ဝေခွဲမရစိတ် မနက်မိုးသောက်အောင်ငါဆုတောင်းနေ



Credits
Writer(s): Phoe Two
Lyrics powered by www.musixmatch.com

Link