Simple Love

ဒဏ်ရာတွေလည်းရှိခဲ့တယ် နာကျင်စရာလည်းရှိခဲ့တယ်
တို့ နှစ်ယောက်ရဲ့ ကြားထဲ
ပျော်စရာလည်းရှိပါတယ် ရင်ခုန်တာလည်းသိပါတယ်
တို့ နှစ်ယောက်ရဲ့ ရင်ထဲ
ဘယ်သူမှလည်း မသိပဲနဲ့ ဝင်ကာ မစွက်ဖက်ကြပါနဲ့
ငါ့အမှားနဲ့ နင့်အမှားလည်း ဒါအချစ်ကြောင့် ဖြစ်တာပဲ
ဘယ်သူမှလည်း အားမကိုးနဲ့ ကိုယ့်လမ်းကို ရွေးချယ်ခဲ့ပြီးပဲ
ငါ့အမှားနဲ့ နင့်အမှားလည်း အပြန်အလှန် နားလည်ရင်းနဲ့ ချစ်မယ်
ရိုးရိုးလေးပဲ ချစ်ခဲ့တာပါ
ပြောင်းလဲမသွားတဲ့ အချစ်တို့နဲ့ မင်းအနား (နေချင်တာ နေချင်တာ)
ခိုင်မြဲသော သစ္စာတရား တို့လက်တွေ ဆုပ်ကိုင်ထား
ခရီးဆုံးတဲ့အထိ လျှောက်စို့လား
မင်းတစ်ယောက်ထဲပဲ ချစ်ခဲ့တာပါ
ဆန်းဆန်းပြားပြား မလုပ်ခဲ့ပါ စိတ်ချ (ယုံကြည်ပါ ယုံကြည်ပါ)
ခိုင်မြဲသော သစ္စာတရား တို့လက်တွေ ဆုပ်ကိုင်ထား
ခရီးဆုံးတဲ့အထိ လျှောက်စို့လား
ဘယ်လိုအခက်အခဲရှိမလဲ အတူတူကျော်ဖြတ်ရဲတယ်
ငါ့နံဘေးနားရှိဖို့ပဲ လိုအပ်ခဲ့တယ်
အဆင်ပြေတာလည်းရှိမယ် အဆင်မပြေတာလည်းရှိမယ်
စိတ်ဓာတ်တို့မကျပါနဲ့ အားတင်းထားလိုက်လေ
ရိုးရိုးလေးပဲ ချစ်ခဲ့တာပါ
ပြောင်းလဲမသွားတဲ့ အချစ်တို့နဲ့ မင်းအနား (နေချင်တာ နေချင်တာ)
ခိုင်မြဲသော သစ္စာတရား တို့လက်တွေ ဆုပ်ကိုင်ထား
ခရီးဆုံးတဲ့အထိ လျှောက်စို့လား
မင်းတစ်ယောက်ထဲပဲ ချစ်ခဲ့တာပါ
ဆန်းဆန်းပြားပြား မလုပ်ခဲ့ပါ စိတ်ချ (ယုံကြည်ပါ ယုံကြည်ပါ)
ခိုင်မြဲသော သစ္စာတရား တို့လက်တွေ ဆုပ်ကိုင်ထား
ခရီးဆုံးတဲ့အထိ လျှောက်စို့လား
ရိုးရိုးလေးပဲ ချစ်ခဲ့တယ် Yay Baby
ပြောင်းလဲမသွားတဲ့ အချစ်တို့နဲ့ မင်းရဲ့အနားပဲ
ငါနေချင်နေခဲ့တယ်
မင်းတစ်ယောက်ထဲပဲ ရိုးရိုးလေးနဲ့ ငါချစ်ခဲ့တယ်
ခိုင်မြဲသော သစ္စာတရားတွေနဲ့



Credits
Writer(s): Thein Linn Soe
Lyrics powered by www.musixmatch.com

Link