Faraway

အနေတွေဝေးတဲ့အချိန်မှာ သူလေ
ကိုယ့်လို လွမ်းနေမလား ကိုယ့်အတွေးများနဲ့ အလည်လွန်နေမိတယ်
စာတိုလေးတွေ မပို့အား
သူလေ အလုပ်တွေရှုပ်နေမလား
ကိုယ်ဖြည့်တွေးရင်းနဲ့ ပျော်အောင်နေတတ်ပြီ
တကယ်ဆိုတို့တွေ ဝေး လို့တော့
မဖြစ်ဘူး ကလေးလေး
အနားနားလေးမှာ နေခွင့်ပေး
ဆုံနိုင်ခွင့်တွေ မျှော်ရင်းဆွေး
အိမ်မက်များကို အသက်သွင်းမယ့်
နေ့ရက်များကိုအမြန်ဆုံးရောက်ချင်တယ်
ရယ်သံလေးကို လွမ်းလိုက်တာကွာ
ဖုန်းနံပါတ်ကို နှိပ်ပြီးမှ ကိုယ့်ကြောင့်အနှောက်အယှက်ဖြစ်မလား
ဖုန်းလေး ဘေးအသာချ
ပိုင်ဆိုင်ခွင့်တွေ မရသေးချိန်မှာ
သူငြိုငြင်သွားမှာ စိုးရွံ့နေတာ
အတွေးလွန်ခြင်းဟာ ပူလောင်လိုက်တာ
တကယ်ဆိုတို့တွေ ဝေး လို့တော့
မဖြစ်ဘူး ကလေးလေး
အနားနားလေးမှာ နေခွင့်ပေး
ဆုံနိုင်ခွင့်တွေ မျှော်ရင်းဆွေး
အိမ်မက်များကို အသက်သွင်းမယ့်
နေ့ရက်များကိုအမြန်ဆုံးရောက်ချင်တယ်
ရူးတယ်ပြောပါတော့ ကလေးလေး
မင်းကြောင့်ရူးရပြီပေါ့
အလွမ်းတွေ နှိပ်စက်တဲ့အကြောင်းကို
ရင်ဖွင့်ပြောပြချင်တယ်
ရူးတယ်ပြောပါတော့ ကလေးလေး
မင်းကြောင့်ရူးရပြီပေါ့
အလွမ်းတွေ နှိပ်စက်တဲ့အကြောင်းကို
ရင်ဖွင့်ပြောပြချင်တယ်
တကယ်ဆိုတို့တွေ ဝေး လို့တော့
မဖြစ်ဘူး ကလေးလေး
အနားနားလေးမှာ နေခွင့်ပေး
ဆုံနိုင်ခွင့်တွေ မျှော်ရင်းဆွေး
အိမ်မက်များကို အသက်သွင်းမယ့်
နေ့ရက်များကိုအမြန်ဆုံးရောက်ချင်တယ်
အို ကလေးလေးရယ်
မင်းရဲ့အနားကို အမြန်ဆုံးရောက်ချင်တယ်



Credits
Writer(s): Thein Linn Soe
Lyrics powered by www.musixmatch.com

Link