ဘဝသစ်

အိုဟောင်းသွားတဲ့ အချိန်တွေပြန်မရတော့ပါ
အိုဟောင်းသွားတဲ့ အချိန်ကိုတမ်းတကာ
ငါ့ဘဝဟာတစ်ကယ်ငြီးငွေ့စရာ
ရှေ့ဆက်စရာဘာမှမရှိပါ
ရင်မှာဒဏ်ရာပြည့်နှက်နေပြီကွာ ဘယ်ဆီကိုငါသွားရမှန်းမသိပါ
အချိန်တွေကိုသာရေတွက်ရင်းနဲ့ နေဝင်ချိန်ကိုစောင့်လို့နေခဲ့

အသစ်ကပြန်စ (အသစ်ကပြန်စ) နောက်မကျခင်မှာ
နောက်ဆုံးအချိန်ထိ ငါ လက်မလျှော့ချင်ပါ
မှားယွင်းနေလဲ (ငါမှားယွင်းခဲ့) ဂရုမစိုက်နိုင်ပါ
နောက်ဆုံးအချိန်ထိ ငါ လက်မလျှော့ချင်ပါ

မျောလွင့်ခဲ့ အာကာပြင်နက်ထဲမှာ
ငါ့ရဲ့စိတ် လေလိုလေလွင့်လိုက်ပါ
စိတ်နောက်လူပါလို့မဖြစ်ပါ ငါ့မှာအင်အားမရှိပါ
ငါမလိုချင်ပါအမုန်းတော့မလိုချင်ပါ
အကြိမ်ကြိမ်အခါခါရှုံးနိမ့်ပြီးသားပါ
အချိန်တွေကိုသာရေတွက်ရင်းနဲ့ နေဝင်ချိန်ကိုစောင့်လို့နေခဲ့

အသစ်ကပြန်စ (အသစ်ကပြန်စ) နောက်မကျခင်မှာ
နောက်ဆုံးအချိန်ထိ ငါ လက်မလျှော့ချင်ပါ
မှားယွင်းနေလဲ (ငါမှားယွင်းခဲ့) ဂရုမစိုက်နိုင်ပါ
နောက်ဆုံးအချိန်ထိ ငါ လက်မလျှော့ချင်ပါ

ပြုပြင်လဲငါစဉ်းစားချိန်မရှိပါ မှားနေခဲ့တာအားလုံးရဲ့ကြားမှာ
ပြုပြင်လဲငါစဉ်းစားချိန်မရှိပါ မှားနေခဲ့တာအားလုံးရဲ့ကြားမှာ
နားနာနားနာ နားနားနာနားနာ နားနာနားနာ နားနားနာနားနာ
နားနာနားနာ နားနားနာနားနာ နားနာနားနာ နားနားနာနားနာ



Credits
Writer(s): Eaiddhi
Lyrics powered by www.musixmatch.com

Link