Lucky

ငါလေစိတ်ဓာတ်တွေကျ
ဘာမှ လုပ်မရပါလား
နေ့တွေညတွေ အချိန်တွေကုန်လွန်သွားပေါ့
အရာရာ အနှုတ်လက္ခဏာပြ
လူမှုရေးများပျက်ပြား
ဘယ်သူနဲ့မှငါ မတွေ့ဖြစ်ဘူးနော်
သီချင်းလည်းရေးလို့မရ
ငါ့မှာ အာရုံတွေပဲများ
စိတ်ဓာတ်အကျဆုံး ငါ့နေ့စွဲတွေထဲမှာ
အလင်းတန်းတစ်ခုပေးပါ
ဒီအမှောင်ကမ္ဘာထဲက
အဝေးဆုံးထွက်ပြေးသွားချင်မိ

အနီးဆုံးထင်ထားတဲ့သူတွေ
အဝေးဆုံးထွက်သွားလည်း
သူတို့တွေ မပြောင်းလဲရှိနေပေးတယ်
ဒီခွန်အားတွေပြန်ကာလေပေးတယ်
Thank you, thank you

I'm so lucky lucky lucky lucky that I have you
I'm so lucky lucky lucky lucky that I have you
I'm so lucky lucky lucky lucky that I have you
I'm so lucky lucky lucky lucky that I have you

အပေါ်ယံအပြုံးလက္ခဏာများ
မျက်နှာဖုံးများကွာကျ
အတုအယောင်တွေပဲများတယ်လောကထဲမှာ
ပြန်မပြောလည်း ငါ့အမှား
ပြန်ကာပြောလည်း ငါ့အမှား
ကိုယ်သိထားသမျှသာ အမှန်ထင်သောအခါ
လက်ညှိုးများ ၀ိုင်းထိုးကြ
အပြစ်တင် ဝေဖန်မှုများစွာ
ငါကျရှုံးခဲ့တယ်အမှားတွေကြားမှာ

လဲကျသွားတဲ့အခါ
ငါပြန်ကာ ထဦးမှာ
အသစ်ကပြန်စ နေ့ရက်များ

အနီးဆုံးထင်ထားတဲ့သူတွေ
အဝေးဆုံးထွက်သွားလည်း
သူတို့တွေ မပြောင်းလဲရှိနေပေးတယ်
ဒီခွန်အားတွေပြန်ကာလေပေးတယ်
Thank you, thank you

I'm so lucky lucky lucky lucky that I have you
I'm so lucky lucky lucky lucky that I have you
I'm so lucky lucky lucky lucky that I have you
I'm so lucky lucky lucky lucky that I have you



Credits
Writer(s): Bunny Phyoe, Pyae Phyo Paing
Lyrics powered by www.musixmatch.com

Link