Pe Khae Thaw Zat Lan

ငါ ရှုပ်ထွေးတဲ့လူ့ဘဝမှာရိုးသားချင်ဖူးတယ်
စာတော်တဲ့ကျောင်းသားးတစ်ယောက်ဖြစ်ချင်ဖူးတယ်
ကြိုးစားခဲ့ဖူးတယ် ဆုတွေလည်း ဆွတ်ခူးတယ်
ကလေးဘဝ မိသားစုနဲ့ကြည်နူးခဲ့
ငါစွဲလမ်း ယစ်မူးတဲ့ စိတ်ဆန္ဒတစ်ခုက
အဆိုတော် ကြီးဖြစ်ဖို့ စိတ်ကူးနဲ့ရူးတယ်
ဆယ်ကျော် သက်အရွယ် အိမ်မှာ နောက်ထပ်မနေချင်ဘဲ
အုတ်ခုံမှာ ဂစ်တာတီးတယ် အပေါင်းအသင်းတွေ အသေခင်တယ်
စာတွေ မသင်ချင်ဘဲ ရည်းစားတွေပဲ ငါ ထားချင်
ကျူ ရှင်ခတွေတောင်းပြီး အပြင်ကို လျှောက်ပြီး သွားချင်
ဂိမ်း ကစားချင် အိမ်က ပိုက်ဆံနှိုက်ခဲ့
အဆိုးထဲမှာ အကျိုးမဲ့စွာ ပေတေပြီး မိုက်မဲ
လက်ဖက်ရည်ဆိုင်နဲ့ လမ်းပေါ်က ရန်ပွဲတွေ
မနေ့ တစ်နေ့က အဖြစ်အပျက်လို လွမ်းမိနေတုန်းပဲ
ဆရာမတွေခေါင်းကိုက်အောင် သောင်းကျန်းခဲ့
လူကြီးတွေကလဲ မင်း ဒီအိမ်ကနေပြောင်း စမ်းတဲ့
အိမ်မက်များ ငါမက်ရင်း
အပြာရောင်မိုးသားရဲ့ လွင်ပြင်များရဲ့အလယ်
တိမ်လို မျောလွင့်ရင်း
ဒီဘဝကြီး အဓိပ္ပာယ် ဘာတွေ အရေး ကြီးလဲ ရှာဦးမယ်
Ohh လောကရဲ့ အဓိပ္ပာယ် ရှာဦးမယ်
ငါရည်မှန်းတဲ့ ဘဝ အတွက် မျှော်လင့် ချက်များအတွက်
ရန်ကုန်မြေကို နင်းခဲ့တာ ၃၆၅ ရက်
၄၈ ကားကို စီးလို့ မြို့ထဲကို လျှောက်ကာထွ က်
သင်တန်းတွေ လျှောက်ကာတက် လူကလည်းမြောက်ကာ တက်
ငါတစ်ယောက်တည်း မျော လွင့်ခဲ့ အချိန်က
လုပ်ချင်တာ ဖြစ်ချင်တာ စိတ်တွေက များ model ကြီးဖြစ်ချင်တယ်
အဆိုတော်လည်း ရူးတယ် ရုပ်ရှင်တွေ ကြည့်ပြီး ဇာတ် လိုက်လည်းရူးတယ်
VCD ရိုက်တဲ့ ဝင်ငွေနဲ့လည်း ရပ်တည်ဖူးတယ်
ခပ်တည်တည်နဲ့ Shooting တွေလည်း ရပ်ကြည့်ဖူးတယ်
ချောကလက်ရောင် ရေခဲ အိမ်မက် အခွေကိုလည်း ဖြန့်ချီဖူးတယ်
အမှတ်မရှိဘဲ မကြာခနလည်း Heart ထိဖူးတယ်
ကြော်ငြာ TV နဲ့ Super Star တွေလည်း ငါ သိပ်ကိုအားကျပြီး
အရမ်းကို ရူးသွပ်ပြီးမိုက်မဲ
ငါကြိုက်တဲ့ မိန်းကလေးတစ်ယောက်ကို အသည်းအသန်လိုက်ခဲ့
ကမရွတ် ၂ ကျောင်းရှေ့မှာ အချစ်ရဲ့ မှတ်တိုင်စိုက်ခဲ့
အိမ်မက်များ ငါမက်ရင်း
အပြာရောင်မိုးသားရဲ့ လွင်ပြင်များရဲ့အလယ်
တိမ်လို မျောလွင့်ရင်း
ဒီဘဝကြီး အဓိပ္ပာယ် ဘာတွေ အရေး ကြီးလဲ ရှာဦးမယ်
Ohh လောကရဲ့ အဓိပ္ပာယ် ရှာဦးမယ်
ဖြစ်ချင်မှုတွေ အောက်မှာ အရင်း အနှီးတွေ နဲ့
ရယူခြင်းရဲ့ နောက်မှာ ဒီလိုပေးဆပ်ခြင်းတွေနဲ့
အချိန်တွေပုံအောပြီး တော့ ရလာတဲ့ ရလာဒ် အခုမထူးခြားသေးပါဘူး
ဘဝဆိုတာက ပြဇာတ် ကနေရင်း ပြနေရင်း ဖြစ်ပျက်ခဲ့
ဇာတ်လမ်း သူငယ်ချင်းများစွာနဲ့ February မှတ်တမ်း
အသည်းတွေလည်းကွဲ အက်လို့ ရုပ်ပျက်စင်း ပျက်ဖြစ်ဖူးပြီ
တစ်ခါတစ်လေလည်းငါ အောင်မြင်မှုနဲ့ ငါရစ်မူးသည်
ချစ်သူတွေက လက်ဆောင် ပန်းစည်းတွေပေး
တစ်ချို့တွေက ဆဲရေးလို့ ရေသန့်ဗူးနဲ့ကျွေး
အချစ်ရှိရင် အမုန်းရှိမယ် အဖြူရှိရင် အမဲရှိမယ်
သဘာဝတရားပဲ အတက်ရှိတော့ အဆင်းရှိမယ်
ဒီဘဝ အတွက်တော့ ကံတရားကို ဦးညွှတ်တယ်
စိတ်ဖိစီးမှုငါ ဖိအားတွေနဲ့ ရူးသွပ်ဆဲ
ငါဟာ ever ဂေါ်လီ အနုပညာနဲ့ အထူးပျော်သည်
ပရိသတ်အတွက်ငါ့နာမည်ကို sai sai ဟုခေါ်သည်
အိမ်မက်များ ငါမက်ရင်း
အပြာရောင်မိုးသားရဲ့ လွင်ပြင်များရဲ့အလယ်
တိမ်လို မျောလွင့်ရင်း
ဒီဘဝကြီး အဓိပ္ပာယ် ဘာတွေ အရေး ကြီးလဲ ရှာဦးမယ်
Ohh လောကရဲ့ အဓိပ္ပာယ် ရှာဦးမယ်
(ရှေ့ဆက်မဲ့ ဘဝရဲ့ အဓိပ္ပာယ် ရူးသွပ်ရှာဖွေနေဦးမယ်
ရှေ့ဆက်မဲ့လောကအဓိပ္ပာယ် မျောလွင့်ရှာဖွေနေဦးမယ်)×2
(End)



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link