Yee Sar Sar

ငြိမ်းချမ်းပါစေကောင်မလေးရေ
ရင်ထဲကအချစ်များနဲ့
အိမ်မက်တခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက်ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရယ်
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတခုလုံးကို ငါအော်ပြောလိုက်မယ် ဒီတယောက်တည်းပဲချစ်ပါတယ်

အိုးး စိတ်ဓာတ်မကျပါနဲ့ မင်းရဲ့အိမ်မက်ပြိုကျတိုင်း
ငါ့ပုခုံးကိုခေါင်းအုံးလုပ်လို့ စိတ်ရှိလက်ရှိသာငိုချလိုက်
အတိတ်ဆိုးတွေအားလုံးမေ့ ဝဲပလိုက်တော့ဟိုးအဝေး
ယနေ့မှစနောက်ဘဝထိအလွမ်းနဲ့အဆွေးနဲ့ဝေးပါစေ
ပူပန်သောကတွေပေးမယ့် ပတ်ဝန်းကျင်ကိုအဆက်အသွယ်ဖြတ်
လူတွေကအတင်းသိပ်ပြောတယ် နားထောင်မိရင်အသက်ရှူကြပ်မယ်
ရှုပ်တယ် ဟုတ်တယ် ခေါင်းမငုံ့နဲ့ ခေါင်းကိုမော့
သံသရာဟာလည်နေစမြဲပဲ အဆိုးပီးတော့အကောင်းတွေပေါ့
လက်တွဲတွေတကယ်ခိုင်မြဲရင် အနာဂတ်ကိုရင်ဆိုင်ရဲတယ်
ဘယ်လိုပုံစံစိန်ခေါ်ဦးမလဲ လောက ငါယှဉ်ပြိုင်ရဲတယ်
နတ်စီတဲ့အိမ်မက်တွေက လွယ်လွယ်နဲ့မရနိုင်ဘူးတဲ့
ငါ့ကျောမှာမင်းကိုပိုးပီးကြယ်တံခွန်လည်း
ငါဆွတ်ခူးမယ်
ငြိမ်းချမ်းပါစေကောင်မလေးရေ
ရင်ထဲကအချစ်များနဲ့
အိမ်မက်တခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက်ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရယ်
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတခုလုံးကို ငါအော်ပြောလိုက်မယ် ဒီတယောက်တည်းပဲချစ်ပါတယ်

မနေ့ညကအိမ်မက်ထဲမှာ ကျွန်တော့်နတ်သမီးလေးအသေလှတယ်
သတို့သမီးဝတ်စုံနဲ့နှင်းဆီပန်းတွေရှေ့မှာ
ကြွေကျတယ်
ကင်မရာမီးတဖြတ်ဖြတ်နဲ့ ရင်ခုန်သံတလှပ်လှပ်နဲ့
အနီရောင်ကော်ဇောကြီးထက်မှာ
အပျော်တွေဆိုတာအကန့်အသတ်မဲ့
စိတ်ချပါ ကောင်မလေး
မရှိတော့ဘူး အမှောင်ညတွေ
ငါ့အိမ်မက်ထဲကအတိုင်းပဲ မင်းနဲ့မင်္ဂလာဆောင်ပါရစေ
ဘဝရဲ့အချိုးအကွေ့ အနိမ့်အမြင့်တက်ကျ
ဒုက္ခနဲ့ကြုံရပါစေ
ဆင်းရဲပစေ ချမ်းသာပစေ ကျန်းမာပစေ နာဖျားပစေအသက်တဖြည်းဖြည်းကြီးလာတဲ့အခါ
ဘုရားသွားဖော် ဆေးပေးမီးယူ
ဘဝဆက်တိုင်းအနားမှာအမြဲ
ဘဝဆက်တိုင်းချစ်နေမယ့်သူ
ဆံပင်တွေဖြူသွားကျိုးတဲ့ထိ ဒီရင်ခွင်မှာ
မှေးစက်လိုက်
အဖွားကြီး မျက်လုံးလေးမှိတ်
အဖိုးကြီး ချော့သိပ်မယ် goodnight goodnight
goodnight

ငြိမ်းချမ်းပါစေကောင်မလေးရေ
ရင်ထဲကအချစ်များနဲ့
အိမ်မက်တခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက်ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရယ်
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတခုလုံးကို ငါအော်ပြောလိုက်မယ် ဒီတယောက်တည်းပဲချစ်ပါတယ်

hey hey မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့
မျှော်လင့်ခြင်းအသစ်ပြန်ဖြစ်ခဲ့
နက္ခတ်တွေစုံလင်နေလို့
hey hey မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့
လေပြေထဲမျောကာလွင့်ခဲ့
အိပ်ယာဝင်ပုံပြင်တွေလို

hey hey မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့
မျှော်လင့်ခြင်းအသစ်ပြန်ဖြစ်ခဲ့
နက္ခတ်တွေစုံလင်နေလို့
hey hey မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့
လေပြေထဲမျောကာလွင့်ခဲ့
အိပ်ယာဝင်ပုံပြင်တွေလို

ငြိမ်းချမ်းပါစေကောင်မလေးရေ
ရင်ထဲကအချစ်များနဲ့
အိမ်မက်တခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက်ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရယ်
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတခုလုံးကို ငါအော်ပြောလိုက်မယ် ဒီတယောက်တည်းပဲချစ်ပါတယ်
ငြိမ်းချမ်းပါစေကောင်မလေးရေ
ရင်ထဲကအချစ်များနဲ့
အိမ်မက်တခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက်ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရယ်
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတခုလုံးကို ငါအော်ပြောလိုက်မယ် ဒီတယောက်တည်းပဲချစ်ပါတယ်



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link