Pyaw Taw Sat

-1
နတ်ပြည်နဲ့ငရဲကို နေ့စဉ်ကူးသလို
စွန်ကြိုးလိုပဲနင်လျော့လိုက်တင်းလိုက်
ငါ့ကိုအရူးလို...
နင့်ဘဝကြီးမှာ ငါ့အပြင်နောက်ထပ်မရှိတော့ဘူးလို့
နေ့စဉ်ရက်ဆက်ချော့လိုက် ခြောက်လိုက်
ငါ့မှာမူးလို့...
ပေးဆပ်ခြင်းနဲ့ စွန့်လွှတ်ခြင်းကို ရစ်လဲလိုသုံးလို့
အချစ်နွံထဲမှာ အောက်ကျနောက်ကျ
ငါနွားလိုရုန်းလို့...
နင့်အနားမှာဝဲတဲ့လိပ်ပြာများလည်း
ငါသိပ်ကိုမုန်းလို့...
စိတ်ထဲမှာကြိတ်ကာ စိတ်နာနေလည်း
ဟန်ဆောင်ပြုံးလို့...

လိုချင်တယ် အချစ်အစစ်ကိုလိုက်ရှာ
မလိုချင်တဲ့ အပေါစားအချစ်တွေနဲ့ပဲ
ကြုံလေရာလောကကြီးကိုစိတ်နာ
ရူးပြီလား...

တကယ်ချစ်တာငါမဟုတ်ဘူး
တကယ်ချစ်ခဲ့တဲ့ ငါဟာအရူးပါ
ရယ်စရာကစားနည်းတစ်ခုလို မင်းလက်မှာ
ဗလာပဲရှိတဲ့ ဒီဘဝထဲ
မလာရဲဘဲနဲ့ နင်လေဆော့ကစားတယ်
ပျော်စရာပါ မင်းအတွက်အပျင်းပြေ
ငါ့အချစ်များ... ငါ့အချစ်များ...

-2
သိပ်အလိုလိုက်လို့ အမိုက်စော်ကားတဲ့နင့်ကို
ဇွဲနပဲနဲ့ ရူးလို့မိုက်လို့ ဆက်လို့ချစ်လို့
ညလုံးပေါက် ဖုန်းတွေပြောနေလည်းပဲ
ငါငုတ်တုတ်စောင့်လို့
အိပ်ရေးတွေပျက်တာ ညစဉ်ရက်ဆက်
ငါ့မှာဂေါက်လို့...
အသိဉာဏ်တွေက တော်လောက်ပါပြီလို့ ပြောနေပြီ
သံယောစဉ်လက်ကျန် မနက်ဖြန်ဆက်ရန်မောနေပြီ
ရှိမဲ့စုသိက္ခာ တံတွေးခွက်ထဲမှာ မျောနေပြီ
ပေါ့ပျက်ပျက် နင့်အကျင့်ကို
ကောင်းကောင်းကိုငါ နောကြေပြီ

လိုချင်တယ် အချစ်အစစ်ကိုလိုက်ရှာ
မလိုချင်တဲ့ အပေါစားအချစ်တွေနဲ့ပဲ
ကြုံလေရာလောကကြီးကိုစိတ်နာ
ရူးပြီလား...

တကယ်ချစ်တာငါမဟုတ်ဘူး
တကယ်ချစ်ခဲ့တဲ့ ငါဟာအရူးပါ
ရယ်စရာကစားနည်းတစ်ခုလို မင်းလက်မှာ
ဗလာပဲရှိတဲ့ ဒီဘဝထဲ
မလာရဲဘဲနဲ့ နင်လေဆော့ကစားတယ်
ပျော်စရာပါ မင်းအတွက်အပျင်းပြေ
ငါ့အချစ်များ... ငါ့အချစ်များ...



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link