Ngar Kyay Nat Par Tel

စကားတွေနဲ့ မပြောခဲ့လည်း
ငါ့ဘဝထဲ တစ်ယောက်တည်းပဲ ငါ ချစ်ခဲ့တယ်
မင်းသိနိုင်မယ် တစ်ယောက်တည်း ထင်ခဲ့တယ်
အမှားတွေနဲ့ အဖြစ်များ ငါသိနေလည်း
စိတ်မပျက်ဘဲ တစ်ယောက်တည်းပဲ ချစ်ခဲ့တယ်
ဒါတွေ မင်း သိလိုက်ဖို့ ကောင်းတယ်
အမြဲလိုတစ်ယောက်တည်း ကြေကွဲ
မျက်ရည်နဲ့ ငေးမောနေလည်း
မင်းဟာ တစ်ယောက်တည်း မဟုတ်ဘဲ
ပြုံးနိုင်တာ ထူးဆန်းနေသလိုပဲ...

မတွေးပါနဲ့ ငါ့အကြောင်းကိုလည်း
မင်းအပျော်လေးတွေ အားလုံး ဝေးလို့သွားလိမ့်မယ်
နင် သတိမရရင်တောင် ငါက ကျေနပ်တယ်
မှားနေတဲ့အဖြစ်များငါ သိနေလည်း
စိတ်မပျက်ဘဲ တစ်ယောက်တည်းပဲ ငါ ချစ်ခဲ့တယ်
ဒါတွေ မင်းစွန့်ပစ်ခဲ့ရက်လည်း
အမြဲလိုတစ်ယောက်တည်း ကြေကွဲ
မျက်ရည်နဲ့ ငေးမောနေလည်း
မင်းဟာ တစ်ယောက်တည်း မဟုတ်ဘဲ
ပြုံးနိုင်တာ ထူးဆန်းနေသလိုပဲ...
တစ်ယောက်တည်း ရှိနေတုန်းပဲ
တစ်ယောက်တည်းပဲ ခံစားခဲ့
နင် ဘာကိုမှ မတွေးနဲ့
ပျော်သလို နေရစ်ပါကွယ်
ငါ အမြဲတမ်း တစ်ယောက်တည်းပဲ
အချိန်တိုင်း မင်း တစ်ယောက်တည်းပဲ
ချစ်ခဲ့တဲ့ ငါ့အချစ်တို့ နင်မမေ့နဲ့
အမြဲလိုတစ်ယောက်တည်း ကြေကွဲ
မျက်ရည်နဲ့ ငေးမောနေနေဆဲ...
မင်းဟာ တစ်ယောက်တည်း မဟုတ်ဘဲ
ပြုံးနိုင်တာ ထူးဆန်းနေသလိုပဲ...
အမြဲလိုတစ်ယောက်တည်း ကြေကွဲ
ငါကျေနပ်ပါတယ်...
မျက်ရည်နဲ့ ငေးမောနေလည်း
ငါ ငေးမောနေဆဲပဲ
မင်းဟာ တစ်ယောက်တည်း မဟုတ်ဘဲ
ပြုံးနိုင်တာ ထူးဆန်းနေသလိုပဲ...
တစ်ယောက်တည်း ကြေကွဲ...



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link