Let Khan Pi Tar

ပေါင်းစည်းလို့မရတဲ့အခြေအနေတွေကြောင့်ချစ်ရက်နဲ့ဝေးကွာခဲ့ရပေမယ့်
ငါ့ရင်ထဲမှာနင်အမြဲတမ်းရှိနေမှာပါ

အချစ်ရဲ့တန်ဖိုးလည်း ဘယ်လိုသတ်မှတ်ထားတာလဲ
ကိုယ်တိုင်နားလည်ထားတဲ့ အချစ်နဲ့လက်တွေ့ဘဝဟာတခြားဆီ
အသိုင်းအဝိုင်းတွေကြားထဲ
မတူညီတဲ့အချိုးအကွေ့တွေနဲ့
တကယ်ဆိုအချစ်ဟာဘာလဲ သက်ရောက်မှုမရှိဘဲ
ယုံကြည်နားလည်မှု အပြန်အလှန်ပြီးထားခဲ့ပြီးမှ
ဘာလို့ဝေးဖို့အကြောင်းတွေ မပြောပါနဲ့ကွာ
အစကကြိုသိထား

အကြင်နာမှန်ရင်တစ်ချိန်မှာရင်ခုန်သံတွေနီးခွင့်ရမှာပါ
ပူလောင်နာကျင်စရာတွေအချစ်မှာရှိပြီးသား
အတူနေချိန်တွေကုန်ဆုံးသွားမယ့်တနေ့
အပြုံးမပျက်ပါနဲ့ ချစ်သူဆိုတာ
ချစ်တိုင်းလည်းမငြားတာငါလက်ခံပြီးသား

တနေ့ဝေးရမယ်ဆိုတာသိရက်နဲ့
ပျော်ရွှင်ခြင်းတွေပေးခဲ့တဲ့နင့်ကို
အရာရာတိုင်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်

အမှတ်တရတွေများလည်း ဘယ်လိုမှမပျောက်ပျက်နိုင်ခဲ့
နာရီတိုင်းဟာတို့အတွက်အဖိုးဖျက်မရတဲ့အချစ်နေ့စွဲတွေ
ကြားစကားတွေနားထဲ မတူညီတဲ့စကားအဓိပ္ပါယ်တွေ
တကယ်ဆိုအချစ်ဟာဘာလဲ သက်ရောက်မှုမရှိဘဲ
ယုံကြည်နားလည်မှု အပြန်အလှန်ပြီးထားခဲ့ပြီးမှ
ဘာလို့ဝေးဖို့အကြောင်းတွေ မပြောပါနဲ့ကွာ
ငါလေကြိုသိထား

အကြင်နာမှန်ရင်တချိန်မှာရင်ခုန်သံတွေ နီးခွင့်ရမှာပါ
ပူလောင်နာကျင်စရာတွေအချစ်မှာရှိပြီးသား
အတူနေချိန်တွေကုန်ဆုံးသွားမယ့်တနေ့
အပြုံးမပျက်ပါနဲ့ ချစ်သူဆိုတာ
ချစ်တိုင်းလည်းမငြားတာငါလက်ခံပြီးသား

မမျှော်လင့်ထားသလို မင်္ဂလာပွဲလေးပျောက်ပျက်သွားခဲ့ရင်
ကြင်နာသူမင်းလေးမငိုနဲ့တော့ ဟိုး.ရေဟေး
ချစ်တိုင်းလည်းမငြားကြတာပဲ
အကြင်နာသာစစ်ရင်ပြန်ဆုံမယ်

အကြင်နာမှန်ရင်တချိန်မှာရင်ခုန်သံတွေ နီးခွင့်ရမှာပါ
ပူလောင်နာကျင်စရာတွေအချစ်မှာရှိပြီးသား
အတူနေချိန်တွေကုန်ဆုံးသွားမယ့်တနေ့
အပြုံးမပျက်ပါနဲ့ ချစ်သူဆိုတာ
ချစ်တိုင်းလည်းမငြားတာငါလက်ခံပြီးသား

ချစ်တိုင်းလည်းမငြားတာငါလက်ခံပြီးသား ဟား

ချစ်တိုင်းလည်းမငြားတာငါလက်ခံပြီးသား



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link