Way Khae Yin

ရင်ကိုတိုက်စားသွား ဝေးဖို့အဖြစ်တွေက
မခြူနိုင်ငါမခူးရဲ ဘဝရဲ့ကွက်လပ်ထဲ

အချိန်တွေပုပ်သိုးခဲ့ ငါမပြောဖြစ်ခဲ့တာများ
လုံအောင်သိုဝှက်သိမ်း နှလုံးသားရဲ့ဆန္ဒ

အနွံတာခံ ချုပ်ထိမ်းရင်း တစိမ့်စိမ့်ရူးနေပြီ
မသေချာမရေရာမှန်းမသိ ငါတို့နှစ်ယောက်ဝေးခဲ့ရင်

ငါဘယ်လိုနေရမလဲ ငါဘယ်လိုဖြေရမလဲ
ဒဏ်ရာဒဏ်ချက်နဲ့ ငါ့ဘဝဟာအဆိပ်တွေပြည့်နှက်နေ
ရည်ရွယ်တာတွေသိလည်း သေချာနေတာအရှုံးပဲ
ခံနိုင်ရည်မဲ့တဲ့ ရှင်းသန့်တဲ့အချစ်တို့ဈာပန

တကယ်ဆိုနင်အပြစ်မရှိ ဝေဝါးတဲ့ငါ့ရဲ့စိတ်
မဆုံနိုင်တဲ့မျဉ်းများ စိတ်ကူးထဲမှာပဲ

ငါယုံကြည်ထားတဲ့ အိပ်မက်ဟာတစ်စဆီလွဲ
မလိုချင်တဲ့ကမ္ဘာကြီးထဲ ရောက်နှင့်နေခဲ့

ငါဘယ်လိုနေရမလဲ ငါဘယ်လိုဖြေရမလဲ
ဒဏ်ရာဒဏ်ချက်နဲ့ ငါ့ဘဝဟာအဆိပ်တွေပြည့်နှက်နေ
ရည်ရွယ်တာတွေသိလည်း သေချာနေတာအရှုံးပဲ
ခံနိုင်ရည်မဲ့တဲ့ ရှင်းသန့်တဲ့အချစ်တို့ဈာပန
ဟိုး...

အနွံတာခံ ချုပ်ထိမ်းရင်း တစိမ့်စိမ့်ရူးနေပြီ
မသေချာမရေရာမှန်းမသိ ငါတို့နှစ်ယောက်ဝေးခဲ့ရင်

ငါဘယ်လိုနေရမလဲ ငါဘယ်လိုဖြေရမလဲ
ဒဏ်ရာဒဏ်ချက်နဲ့ ငါ့ဘဝဟာအဆိပ်တွေပြည့်နှက်နေ
ရည်ရွယ်တာတွေသိလည်း သေချာနေတာအရှုံးပဲ
ခံနိုင်ရည်မဲ့တဲ့ ရှင်းသန့်တဲ့အချစ်တို့ဈာပန
ငါဘယ်လိုနေရမလဲ ငါဘယ်လိုဖြေရမလဲ
ဒဏ်ရာဒဏ်ချက်နဲ့ ငါ့ဘဝဟာအဆိပ်တွေပြည့်နှက်နေ
ရည်ရွယ်တာတွေသိလည်း သေချာနေတာအရှုံးပဲ
ခံနိုင်ရည်မဲ့တဲ့ ရှင်းသန့်တဲ့အချစ်တို့ဈာပန
ငါဘယ်လိုနေရမလဲ ငါဘယ်လိုဖြေရမလဲ... အိုး...
ရည်ရွယ်တာတွေသိလည်း သေချာနေတာအရှုံးပဲ... အိုး... ဟို
ငါဘယ်လိုနေရမလဲ ငါဘယ်လိုဖြေရမလဲ... အိုး...
ရည်ရွယ်တာတွေသိလည်း သေချာနေတာအရှုံးပဲ...



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link