Nout Sone a Nan

Chorous

မင်းထားခဲ့တဲ့အတိတ်မှာငါ နေပျော်နိုင်ဖို့လေ
အဖြေရှာမရဘူး ချစ်သူရယ် ငါ့ဘဝအဓိပ္ပါယ်မဲ့
ငါကြိုးစားမေ့ပစ်လိုက်ချင်တယ် ဟိုအရင်အချိန်များလဲ
အကြိမ်ကြိမ်လဲပြိုမယ့်ဒဏ်ရာ နေ့များအတွက်
ငါဖြေသာဖို့ အချစ်ရယ် နောက်ဆုံးအနမ်းတော့ချန်ခဲ့

မလွန်ဆန်ခဲ့ဘူး အရာရာမင်းသဘောအတိုင်းအချစ်ရယ်

ငါဟာ မင်းစိတ်နဲ့အသက်ရှင်ခဲ့တယ်

အချစ်ကိုငါယုံစားပြီးမှကွယ်

မမြင်တော့ဘူး မျက်ကန်းအချစ်တွေနဲ့

မထင်ထားဘူး ဒီလိုမင်းရက်စက်သွားလိမ့်မယ်

ဘယ်လိုဆေးဝါးတို့ ငါအသုံးလိုလိမ့်မယ်
ငါ့ဒဏ်ရာတွေ ကုစားပေးဖို့အတွက်

ဒီအလွမ်းတွေနဲ့ အထီးကျန်နေ့များထဲ

ငါဘယ်လိုဖြတ်သန်းမလဲ

Chorous

မင်းထားခဲ့တဲ့အတိတ်မှာငါ နေပျော်နိုင်ဖို့လေ
အဖြေရှာမရဘူး ချစ်သူရယ် ငါ့ဘဝအဓိပ္ပါယ်မဲ့
ငါကြိုးစားမေ့ပစ်လိုက်ချင်တယ် ဟိုအရင်အချိန်များလဲ
အကြိမ်ကြိမ်လဲပြိုမယ့် ဒဏ်ရာနေ့များအတွက်

Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link