Bar Lo Nay Thay Lae

ဒီနေ့နဲ့မနက်ဖြန်အတွက်
သင်ဘာတွေလုပ်ဖို့တွေးထားလည်း
ပိုင်ဆိုင်ထားတဲ့ဘဝကို မွမ်းမံတည်ဆောက်မယ်
ဘယ်လိုအကောင်းဆုံး အသက်ဆက်မလည်း
လိုအင်တွေပြည့်ဖို့ ကြိုးစားရင်း
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ် ပျောက်ကွယ် ဘဝခရီးအလယ်

လူတန်းစေ့မယ့် တစ်နေ့အတွက်
သင်ဟာအပတ်တကုပ် ကြိုးစားရင်း
တစ်ဖြည်းဖြည်း ဝေးသွားခဲ့
ကန္တာ(ရ)ကို ဖြတ်စဉ်က အတူရှိနေခဲ့
ရေဆာချိန်ကမ်းခဲ့သော လက်များကို မေ့ကျန်ခဲ့

သင် ဘာအဖတ်တင်လည်း
ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ မပျော်နိုင်ရင်
မင်း ဘာလိုနေသေးလည်း
အဖြေဟာ ထွက်မလာခဲ့
အရာရာ အဓိပ္ပါယ်မဲ့
ခန္ဓာအလိုပြည့်ခဲ့တောင် ဘဝက ခြောက်ကပ်ကပ်
မပျော်နိုင်ရင် မင်း ဘာလိုနေသေးလည်း

သင်ချစ်သောသူများအတွက်လည်း
သင်ဘာတွေ စဉ်းစားပေးထားလည်း
ရွှေငွေများမှမဟုတ်ပါ အဖိုးတန်ဆိုတိုင်းရယ်
နိုင်ရာဝန်ထမ်းပေးရင်း ဝေမျှ
ထူပါ သူလဲကျတဲ့အခိုက်မှာ
ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ
မေတ္တာမဟုတ်ဘူးလား

လူတန်းစေ့မယ့် တစ်နေ့အတွက်
သင်ဟာအပတ်တကုပ် ကြိုးစားရင်း
မမေ့ပစ်ခဲ့လိုက်နဲ့
ကန္တာ(ရ)ကို ဖြတ်စဉ်က အတူရှိနေခဲ့
ရေဆာချိန်ကမ်းခဲ့သော လက်များကို တွဲခေါ်ခဲ့

သင် ဘာအဖတ်တင်လည်း
ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ မပျော်နိုင်ရင်
မင်း ဘာလိုနေသေးလည်း
အဖြေဟာ ထွက်မလာခဲ့
အရာရာ အဓိပ္ပါယ်မဲ့
ခန္ဓာအလိုပြည့်ခဲ့တောင် ဘဝက ခြောက်ကပ်ကပ်
မပျော်နိုင်ရင် မင်း ဘာလိုနေသေးလည်း

သင် ဘာအဖတ်တင်လည်း
ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ မပျော်နိုင်ရင်
မင်း ဘာလိုနေသေးလည်း
အဖြေဟာ ထွက်မလာခဲ့
အရာရာ အဓိပ္ပါယ်မဲ့
ခန္ဓာအလို ပြည့်ခဲ့တောင် ဘဝက ခြောက်ကပ်ကပ်
မပျော်နိုင်ရင် မင်း ဘာလိုနေသေးလည်း

မပျော်နိုင်ရင် မင်း ဘာလိုနေသေးလည်း



Credits
Writer(s): Htain Zaw
Lyrics powered by www.musixmatch.com

Link