Lu Mhar

ကျောက်ဖျာများအထက်မှာ ငါပျိုးကြဲ
ကန္တာရတို့အလယ်မှာ ထွန်ယက်ခဲ့
အလဟဿ လုပ်ရက်များအတွက်
အချည်းအနှီး အသီးအပွင့်တွေပဲ

ထုထည်ကြီးမားတဲ့ အချစ်များလည်း
အမှုန့်ဖြစ်သွားခဲ့ရတာ အကြိမ်ပေါင်းမနည်း
လိုချင်တာ ငါ့မှာမရှိတော့ဘူး
ဘာကိုမှလည်း ငါမတပ်မက်

အူး မညီမျှတဲ့လောကအလယ်
အူး အမှန်ကလည်း မှားနေတယ်

ရည်ရွယ်တာများ ဒီမှာအလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့အတူ
နေရာကအမှား အချိန်ကာလအမှား
ငါဟာမှားပြီး ရောက်လာတဲ့သူ

ကျောက်ဖျာများအထက်မှာ ငါပျိုးကြဲ
ကန္တာရတို့အလယ်မှာ ထွန်ယက်ခဲ့
အလဟဿ လုပ်ရက်များအတွက်
အချည်းအနှီး အသီးအပွင့်တွေပဲ

ထုထည်ကြီးမားတဲ့ အချစ်များလည်း
အမှုန့်ဖြစ်သွားခဲ့ရတာ အကြိမ်ပေါင်းမနည်း
လိုချင်တာ ငါ့မှာမရှိတော့ဘူး
ဘာကိုမှလည်း ငါမတပ်မက်

အူး မညီမျှတဲ့လောကအလယ်
အူး အမှန်ကလည်း မှားနေတယ်

ရည်ရွယ်တာများ ဒီမှာအလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့အတူ
နေရာကအမှား အချိန်ကာလအမှား
ငါဟာမှားပြီး ရောက်လာတဲ့သူ

ရည်ရွယ်တာများ ဒီမှာအလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့အတူ
နေရာကအမှား အချိန်ကာလအမှား
ငါဟာမှားပြီး ရောက်လာတဲ့သူ

ရည်ရွယ်တာများ ဒီမှာအလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့အတူ
နေရာကအမှား အချိန်ကာလအမှား
ငါဟာမှားပြီး ရောက်လာတဲ့သူ



Credits
Writer(s): Min Chit Thu, Zaw Win Htut
Lyrics powered by www.musixmatch.com

Link