Sate Kone Mi Dawh Me

ပါးစပ်ကချစ်တယ်ပြော ကွယ်ရာတွေမှာအရောင်တမျိုး
မင်းကတိရော တော်ပါပြီကွာ ကြောက်လွန်းလို့
သိုးကလေးအယောင်ဆောင်တဲ့ ဝံပုလွေလိုနင်ကြံသူမို့
ဟိုးအဝေးမှာ နေပါ လူမဆန်သူကို မကြိုဆိုလို့
အသည်းကိုဝါးမျို နွားလိုထား ငါ့ကိုထား Oh my god
ဆဲဆိုသွားယုံမက လူပါးနင်ဝ oh my god
မင်းငါ့ကို feel ကျဲအောင် ပစ်ချလို နင်းခဲ့နောက်ပြီးတော့
ကိုယ်ထိလက်ရောက်လုပ်ခဲ့ အသားများတဆတ်ဆတ်တုန်နေအောင် နာကျည်းသွား
Hey စိတ်ကုန်မိတော့မယ် စိတ်ကုန်မိတော့မယ်
Hey သိပ်ယုံမိတော့ကွယ် စိတ်ကုန်မိတော့တယ်
ကြည့်ဦးလေ ငါ့အတွက်အရှုံးတွေလား
ဒီအပြုံးတွေကနေ အမုန်းဖြစ်သွား စိတ်ကုန်မိတော့မယ်
မုသားများနဲ့ မင်းနှုတ်ခမ်း ငါတကယ် ရွံရှာသွားပြီ
တန်ဖိုးမရှိနိုင်တော့ ခံနိုင်ရည်တွေ ကုန်ဆုံးခဲ့ပြီ
Makeup လိမ်းတဲ့ အိပ်မက်မပေးနဲ့ စိတ်ပျက်မိခဲ့ရင်းနဲ့
ရူးမလောက်ငါလေ ချစ်ဖူးခဲ့ပေမယ့်လည်း
အသည်းကိုဝါးမျို နွားလိုထား ငါ့ကိုထား Oh my god
ဆဲဆိုသွားယုံမက လူပါးနင်ဝ oh my god
မင်းငါ့ကို feel ကျဲအောင် ပစ်ချလို နင်းခဲ့နောက်ပြီးတော့
ကိုယ်ထိလက်ရောက်လုပ်ခဲ့ အသားများတဆတ်ဆတ်တုန်နေအောင် နာကျည်းသွား
Hey စိတ်ကုန်မိတော့မယ် စိတ်ကုန်မိတော့မယ်
Hey သိပ်ယုံမိတော့ကွယ် စိတ်ကုန်မိတော့တယ်
ကြည့်ဦးလေ ငါ့အတွက်အရှုံးတွေလား
ဒီအပြုံးတွေကနေ အမုန်းဖြစ်သွား စိတ်ကုန်မိတော့မယ်



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link