The Art

မင်းရင်ထဲ ဘာတွေရှိနိုင်မလဲ
မသိနိုင်တော့တဲ့ လှည့်ကွက်
ခံနိုင်ရည်အားမဲ့

တွေးနေဆဲ အဖြေဟာအရောင်အားမဲ့
ဒဏ်ရာနက်နက်ရေးတဲ့ ဆေးတစ်ချို့
မှိန်တစ်ဝက် လင်းတစ်ဝက်
ပန်ချီကားထဲက အပြုံးတွေကို ငါဆေးခြယ်ထားလိုက်တယ်
လိုက်လို့မမှီဘူး နင့်ရဲ့အပြုံးက အရောင်တွေပိုများခဲ့

ဒီကမ္ဘာကုန်ကျယ်သ၍ ချစ်တယ် တိမ်တွေလိုလည်းငိုကျွေးဖူးတယ်
ရင်ခုန်ချိန်တိုင်းလွမ်းတယ် တိုင်ဆိုင်မှုတွေ နှိုးဆွနေခဲ့
မေ့မရနိုင်တဲ့ ဒီကမ္ဘာလေးအတွက် ငါတောင့်တနေလို့ အိပ်မက်ပေးပါကွယ်

မင်းမချစ်တော့လည်း မုန်းတယ်လို့သာ ပြောလိုက်ပါကွယ်
မရေရာတဲ့အဖြေများနဲ့ တဖြည်းဖြည်းဝေးအောင် အဆက်မဖြတ်ပါနဲ့
မျှော်နေမယ် ထွက်သက်နဲ့ဝင်သက်တွေလည်း
မင်းပေးခဲ့တဲ့ လေထုထဲ အဆိပ်ငွေ့များစွာ ပျံ့နှံ့နေခဲ့

ဒီကမ္ဘာကုန်ကျယ်သ၍ ချစ်တယ်
တိမ်တွေလိုလည်းငိုကျွေးဖူးတယ်
ရင်ခုန်ချိန်တိုင်းလွမ်းတယ် တိုင်ဆိုင်မှုတွေ နှိုးဆွနေခဲ့
မေ့မရနိုင်တဲ့ ဒီကမ္ဘာလေးအတွက် ငါတောင့်တနေလို့ အိပ်မက်ပေးပါကွယ်

ပန်ချီကားထဲက အပြုံးတွေကို ငါဆေးခြယ်ထားလိုက်တယ်
လိုက်လို့မမှီဘူး နင့်ရဲ့အပြုံးက အရောင်တွေပိုများခဲ့
ဝိုး ... ဒီကမ္ဘာကုန်ကျယ်သ၍ ချစ်တယ်
တိမ်တွေလိုလည်းငိုကျွေးဖူးတယ်
ရင်ခုန်ချိန်တိုင်းလွမ်းတယ် တိုင်ဆိုင်မှုတွေနဲ့
ဒီကမ္ဘာကုန်ကျယ်သ၍ ချစ်တယ် တိမ်တွေလိုလည်းငိုကျွေးဖူးတယ်
ရင်ခုန်ချိန်တိုင်းလွမ်းတယ် တိုင်ဆိုင်မှုတွေ ငါ့ရဲ့ရင်ထဲ
မေ့မရနိုင်လို့ အိပ်မက်ပေးပါကွယ်
ငါတောင့်တနေလို့ အိပ်မက်ပေးပါကွယ်



Credits
Lyrics powered by www.musixmatch.com

Link