Baby Pwa Si

အိပ်မရပါ နင်လေ နှိပ်စက်လို့
ညဘက်ညဉ့်နက်လည်းပဲ ဖုန်းဆက်နှိုး
အိပ်မက်ထဲမှာတခြားတစ်ယောက်နဲ့တွဲလို့တဲ့
အပြင်မှာ ကွိုင်တွေရှာကာ
ပွစိပွစိလုပ်တော့ဆိုး Bad Girl
မင်းကဆိုးလည်း ငါ့မှာမျက်နှာလွှဲ
မျက်နှာလွှဲလည်းနားမှာကြားနေရတာ ခက်တာပဲ
ကဲပါကွယ် ဘာတွေဖြစ်ဖြစ်မင်းကိုချစ်မှာပဲ
ပြဿနာမရှာပါနဲ့ ဘေဘီပွစိလေးရယ်

အဝေးရောက်သွားခိုက်မှာ
ငါလေ တကယ်ကို နားအေးပါးအေးကွာ
စကားတွေ အစ်ကာထုတ် ထုတ်
အားနေ ရစ်တဲ့အလုပ် လုပ်
နောက်တစ်ခါမလုပ်ပါနဲ့တော့ကွာ
ငါ့ကိုချစ်တယ်ဟုတ် ဟုတ်

Big Bang, SS501 ဒါတွေနဲ့ပဲ
ရုပ်ရှင်ထဲမှာ အမျိုးတွေစပ်တယ် ရှုပ်တယ် ဘာတွေလဲကွယ်
ကိုရီးယားသွားချင်သွားပါဦး ငါနေခဲ့မယ်
လွမ်းတော့လွမ်းပါတယ် ဒါပေမယ့်လည်း

မင်းမရှိတော့လည်း တစ်ခုတော့ကောင်းပါတယ်
လွမ်းတော့ လွမ်းပေမယ့်
တစ်ခုတော့ ကောင်းပါတယ်
မင်းမရှိတာလည်း တစ်ခုတော့ကောင်းပါတယ်
လွမ်းတော့လွမ်းတယ် ဒါပေမယ့်လည်း

နိုင်ငံခြားကို ဈေးဝယ်ထွက်ရင် နားအေးတယ်
ယောက္ခမကြီးတွေနဲ့အတူရှိရင် နားအေးတယ်
ချောင်းဆိုးပြီးတော့ အသံဝင်သွားရင်
နားအေးတယ်
နား နား နား နားအေးတယ်

အိုး ဝိုး ဟူး

မထင်ခဲ့ဘူး မင်းစကားတွေ များမယ်လို့
မထင်ခဲ့ဘူး အဲ့ဒီလောက်တောင်ပွားမယ်လို့
နင်နဲ့အခုတွေ့ရင် နားကြပ်တပ်ထားမယ်
ကိုယ်အေးဆေး

နှစ်ပတ်လည်နေ့များမှာ
လျှောက်လို့ လျှောက်လို့လည်မယ်
နှစ်ယောက်တည်းကွာ
စိိတ်တွေဆိုး စိတ်တွေကောက်
ပြဿနာရှာကာ အချိန်တွေကုန်
မလုပ်ပါနဲ့ ကျေးဇူးပြု၍
ငါ့ကို ယုံကြည်ပေးပါ

နင်နိုင်ငံခြားကို ဈေးဝယ်ထွက်ဖြစ်မယ်ဆို
အရာရာစိတ်ချပါရစေနော် အချစ်ရယ် ကိုယ်
ပြန်မလာမချင်း တိုးတိုးပြီးတော့လွမ်းနေမှာ
တကယ်တော့စိတ်ထဲမှာ
ခိုးခိုးပြီးတော့ ဝမ်းတွေသာ

ဟိုမှာ ကြာပါစေ ငါ့ရဲ့နားတွေအေးလို့
ဘော်ဒါတွေကိုခေါ်ကာ လျှောက်လည်ဖို့
ကြိုတွေးလို့
လေယာဉ်ပျံပေါ်အချစ်ကိုတင် ခဏအဝေးပို့
ဒါတောင် ပြောသွားသေးတယ်

မင်းမရှိတော့လည်း တစ်ခုတော့ကောင်းပါတယ်
လွမ်းတော့ လွမ်းပေမယ့်
တစ်ခုတော့ကောင်းပါတယ်
မင်းမရှိတာလည်း တစ်ခုတော့ကောင်းပါတယ်
လွမ်းတော့လွမ်းတယ် ဒါပေမယ့်လည်း

နိုင်ငံခြားကို ဈေးဝယ်ထွက်ရင် နားအေးတယ်
ယောက္ခမကြီးတွေနဲ့အတူရှိရင် နားအေးတယ်
ချောင်းဆိုးပြီးတော့ အသံဝင်သွားရင်
နားအေးတယ်
နား နား နား နားအေးတယ်

မင်းမရှိတော့လည်း တစ်ခုတော့ကောင်းပါတယ်
လွမ်းတော့ လွမ်းပေမယ့်
တစ်ခုတော့ ကောင်းပါတယ်
မင်းမရှိတာလည်း တစ်ခုတော့ကောင်းပါတယ်
လွမ်းတော့လွမ်းတယ် ဒါပေမယ့်လည်း
နိုင်ငံခြားကို ဈေးဝယ်ထွက်ရင် နားအေးတယ်
ယောက္ခမကြီးတွေနဲ့အတူရှိရင် နားအေးတယ်
ချောင်းဆိုးပြီးတော့အသံဝင်သွားရင်
နားအေးတယ်
နား နား နား နားအေးတယ်

ဗစ်တွာရ်ခိုင်မှ



Credits
Writer(s): Bunny Phyoe
Lyrics powered by www.musixmatch.com

Link