Min Sate Nae Yuu

တောက်ပလွန်းတဲ့ မင်းမျက်ဝန်းတွေကို
ရင်ခုန်စွာ ငါတပ်မက်လို့
နှင်းဆီဖူးလိုရဲတဲ့ နှုတ်ခမ်းလေးကို
ညင်သာစွာ နမ်းရှိုက်ချင်လို့
ရင်ခုန်သံများ အလိုလိုက်ခဲ့သမျှ
မင်းရှေ့မှောက် ဒူးထောက်ခစား
ရင်ခုန်သံများ ချုပ်ထိန်းလို့မရ
မင်းနံဘေးနား တွယ်ကပ်နေတဲ့စိတ်နဲ့ ငါတော့
ရူး မင်းအချစ်အတွက် အရူးတစ်ယောက်လိုငါ
ရူး တနေ့နေ့တော့မင်းပြန်ချစ်လာမယ်ဆိုတဲ့စိတ်နဲ့ ငါရူး
လှို့ဝှက်လွန်းတဲ့ မင်းအပြုံးတွေကို
ရင်ခွင်မှာ ငါသိမ်းထားမလို့
သိပ်လှလွန်းတဲ့ မင်းလက်ကလေးတွေကို
မနာကျင်အောင် ငါဖွဖွကိုက်မလို့
ရင်ခုန်သံများ အလိုလိုက်ခဲ့သမျှ
မင်းရှေ့မှောက် ဒူးထောက်ခစား
ရင်ခုန်သံများ ချုပ်ထိန်းလို့မရ
မင်းနံဘေးနား တွယ်ကပ်နေတဲ့စိတ်နဲ့ငါတော့
ရူး မင်းအချစ်အတွက် အရူးတစ်ယောက်လိုငါ
ရူး တနေ့နေ့တော့မင်းပြန်ချစ်လာမယ်ဆိုတဲ့စိတ်နဲ့ငါရူး
ရင်ခုန်သံများ အလိုလိုက်ခဲ့သမျှ
မင်းရှေ့မှောက် ဒူးထောက်ခစား
ရင်ခုန်သံများ ချုပ်ထိန်းလို့မရ
မင်းနံဘေးနား တွယ်ကပ်နေတဲ့စိတ်နဲ့ ငါတော့
ရူး မင်းအချစ်အတွက် အရူးတစ်ယောက်လိုငါ
ရူး တနေ့နေ့တော့မင်းပြန်ချစ်လာမယ်ဆိုတဲ့စိတ်နဲ့ ငါရူး
မင်းအတွက် အရူးတစ်ယောက်
ရူး မင်းပြန်ချစ်လာမယ်ဆိုတဲ့စိတ်နဲ့ ငါရူး



Credits
Writer(s): Thein Linn Soe
Lyrics powered by www.musixmatch.com

Link