Don't Leave Me

ငါ့နေ့တွေခြောက်ကပ် တစ်ခန်းရပ်ပြဇာတ်
ငါ့အလွမ်းတို့ နယ်ကျွံနေ
ငါအရှုံးပေးပြီးသား မင်းရဲ့စကားလုံးများ
ငါ့အတွက် ခါးသက်စေသလား
မထားခဲ့နဲ့အချစ်ရယ် မုန်းမသွားနဲ့အချစ်ရယ်
ရင်တွေကွဲကြေလို့ အဆုံးအစမဲ့အလွမ်းနဲ့
မင်းလေးရဲ့အဝေးမှာ ခြောက်ကပ်တဲ့နေ့တွေ
ငါမခံစားနိုင်လို့ ပြန်လာခွင့်ပြုတော့
မင်းအပြုံးတွေအေးစက် တို့နှစ်ဦးရဲ့အိပ်မက်
အရင်လိုမချိုနိုင်တော့ဘူးလေ
ငါအမုန်းများလည်းမထား မင်းရဲ့နှုတ်ခမ်းများက
ငါ့အတွက်ရူးသွပ်စေခဲ့တာ
မထားခဲ့နဲ့အချစ်ရယ် မုန်းမသွားနဲ့အချစ်ရယ်
ရင်တွေကွဲကြေလို့ အဆုံးအစမဲ့အလွမ်းနဲ့
မင်းလေးရဲ့အဝေးမှာ ခြောက်ကပ်တဲ့နေ့တွေ
ငါမခံစားနိုင်လို့ ပြန်လာခွင့်ပြုတော့
အလည်လွန်တဲ့အချစ်အတွက် ငါကြိုသိနေတယ်
နှလုံးသားနဲ့စတေး ဘာတွေမှားခဲ့လဲ
ယုံကြည်ချက်တွေလည်း တဖြေးဖြေးနဲ့ဝေး
မထားခဲ့နဲ့အချစ်ရယ် မုန်းမသွားနဲ့အချစ်ရယ်
ရင်တွေကွဲကြေလို့ အဆုံးအစမဲ့အလွမ်းနဲ့
မင်းလေးရဲ့အဝေးမှာ ခြောက်ကပ်တဲ့နေ့တွေ
ငါမခံစားနိုင်လို့
မထားခဲ့နဲ့အချစ်ရယ် မုန်းမသွားနဲ့အချစ်ရယ်
ရင်တွေကွဲကြေလို့ အဆုံးအစမဲ့အလွမ်းနဲ့
မင်းလေးရဲ့အဝေးမှာ ခြောက်ကပ်တဲ့နေ့တွေ
ငါမခံစားနိုင်လို့ ပြန်လာခွင့်ပြုတော့



Credits
Writer(s): Thein Linn Soe
Lyrics powered by www.musixmatch.com

Link