Nga Nay Yar

ငါ့နေရာကိုနင်ခဏလောက်ဝင်ကြည့်ပေးပါ
ငါ့နေရာမှာဆိုနင်ဘာလုပ်မှာလဲပြော
ခဏဆုံနိုင်တယ်
ခဏယုံနိုင်တယ်
နောက်ဆုံးတော့ငါ့ကိုထားလို့ နင်အဝေးထွက်ခွာတယ်
ငါ့နေရာကိုနင်ပြန်ကြည့်ပေး
ငါ့နေရာမှာနင်ဘယ်လိုလုပ်ရပ်တည်မလဲ
ရှင်းပြရခက်နေမယ်
ငါတစ်ယောက်တည်းမျက်ရည်ဝဲ
နင်ရွေ့တဲ့အကွက်တွေထဲ အသက်မဲ့ခဲ့သူငါ

နင်ပြောခဲ့တဲ့စကားတွေရယ်
နင်ပေးခဲ့တဲ့ကတိတွေရယ်
ငါအခုချိန်ထိကိုယုံနေလို့ခက်
နင်ပေးတဲ့ဒုက္ခတွေနဲ့
ရင်ဘတ်ကရှုပ်ပွနေလဲ
ငါဘာမှမဖြစ်သလို ဟန်ဆောင်ပေးလိုက်မယ်
နင်နဲ့ပတ်သက်ခဲ့သမျှ ငါအလျော့ပေးခဲ့တယ်
နင့်ရဲ့အချစ်ကလွဲ ငါဘာမျှော်လင့်ခဲ့သလဲ
ဘာမှမရှိ အရာရာနတ္ထိ
နင်မမြင်နိုင်ခဲ့တဲ့ငါ့ရင်ခွင်ကို
ခဏဝင်ကြည့်

ငါ့နေရာကိုနင်ခဏလောက်ဝင်ကြည့်ပေးပါ (ပေးပါ)
ငါ့နေရာမှာဆိုနင်ဘာလုပ်မှာလဲပြော
(နင်ဘာလုပ်တတ်မှာလဲ)
ခဏဆုံနိုင်တယ်
ခဏယုံနိုင်တယ် (ယုံနိုင်တယ်)
နောက်ဆုံးတော့ငါ့ကိုထားလို့ နင်အဝေးထွက်ခွာတယ်
ငါ့နေရာကိုနင်ပြန်ကြည့်ပေး
ငါ့နေရာမှာနင်ဘယ်လိုလုပ်ရပ်တည်မလဲ
ရှင်းပြရခက်နေမယ်
ငါတစ်ယောက်တည်းမျက်ရည်ဝဲ
နင်ရွေ့တဲ့အကွက်တွေထဲ အသက်မဲ့ခဲ့သူငါ
Na-na-la-la-la-la-la
La-la

နင်နဲ့ပတ်သက်တော့မှ အဓိပ္ပာယ်မရှိပဲ
ငါအမြဲကြောက်တတ်တယ်
နင့်အတွက်ငါအသုံးမဝင်ခဲ့ဘူးဆိုရင်
ငါ့ဆီမလာနဲ့နောက်ထပ်လည်း
နင်ငါ့ကိုပေးခဲ့ဖူးတဲ့ကတိတွေ
နင်ဘာနဲ့ဖောက်ဖျက်မလဲ
လူကြားထဲမှောက်ရက်လဲသလို
အပေါင်းသင်းကြားမှာ ငါပဲစောက်ရှက်ကွဲခဲ့
အခုဘယ်သူနဲ့တွဲနေ
ဘယ်သူ့ ဘယ်သူလဲ ကဲဖြေ
နင်ပြောသလိုငါကတစ်ဖက်သတ် ရူးသူပဲတဲ့ အေး
နင့်အချစ်ကိုအတင်းကြပ်ငါလုမယူခဲ့ပဲလေ
အဲ့ဒါနင့်ကိုစောက်ရမ်းချစ်တယ်ဆိုတာ
တစ်ခု တစ်ခုတည်းနဲ့ဟေ့
ကျေးဇူးပြုပြီးနားဆင်ကြည့်ပါ ဟိုတုန်းကရက်တွေ
မျက်လုံးကပါးပြင်ထိသာ ကျခဲ့တဲ့မျက်ရည်တွေ
ဆက်နေဖို့တားချင်သည်
တားဖို့အတွက်အားအင်မရှိ
ကိုယ်ချင်းစာစိတ်နည်းနည်းလောက်နဲ့
ငါ့နေရာကိုခဏဝင်ကြည့်

ငါ့နေရာကိုနင်ခဏလောက်ဝင်ကြည့်ပေးပါ (ပေးပါ)
ငါ့နေရာမှာဆိုနင်ဘာလုပ်မှာလဲပြော
(နင်ဘာလုပ်တတ်မှာလဲ)
ခဏဆုံနိုင်တယ်
ခဏယုံနိုင်တယ် (ယုံနိုင်တယ်)
နောက်ဆုံးတော့ငါ့ကိုထားလို့ နင်အဝေးထွက်ခွာတယ်
ငါ့နေရာကိုနင်ပြန်ကြည့်ပေး
ငါ့နေရာမှာနင်ဘယ်လိုလုပ်ရပ်တည်မလဲ
ရှင်းပြရခက်နေမယ်
ငါတစ်ယောက်တည်းမျက်ရည်ဝဲ
နင်ရွေ့တဲ့အကွက်တွေထဲ အသက်မဲ့ခဲ့သူငါ

အဲ့ဒီသတ္တဝါကနင်ပဲ
ဟုတ်လားခဏလောက်မေးချင်တယ်
နင့်အပေါ်မှာအနစ်နာခံတဲ့ငါ့ဆီကနေ
ဘာကြောင့်ပြေးချင်သလဲ
နင်နဲ့ငါနဲ့ မဆုံပဲလွဲ
ပေးဆပ်မှုဒါအကုန်ပဲကဲ
နင်ဘယ်လိုပဲလိမ်လိမ် ဘယ်လိုပဲညာညာ
ငါကအမြဲတမ်းယုံတဲ့ငနဲ
အရာရာအကောင်းဆုံးဖြစ်ချင်ခဲ့တယ်ငါ
နင်နဲ့ပတ်သက်ရင်
နင့်ရဲ့မကောင်းတဲ့သတင်းတွေကြားခဲ့ရင်တောင်
ငါပဲတစ်ဖက်သတ်ငြင်းခဲ့လည်း
ချစ်နေတာကိုအခွင့်ကောင်းယူငါ့ဘဝကိုတက်တက်နင်း
လက်လက်ချင်းတွဲဖို့မလိုလားတဲ့အခါ
ရက်စက်ရင်းနဲ့ အဆက်ဖြတ်ရင်း
ငါအမြဲတမ်းလျော်နေတာတောင် ငါ့ကိုအလကားနေညာ
နင့်သတင်းတွေမျိုးစုံပါ ငါအမြဲကိုကြားနေတာ
မှားရင်လည်းမှားပါစေကွာ
ငါ့အသည်းကိုအရုပ်လိုကစားနေတာ
အကယ်၍များလမ်းကြုံခဲ့ရင်ဝင်ကြည့်ပေးပါ ငါ့နေရာ
ငါ့နေရာ
ငါ့နေရာ

ငါ့ရဲ့နေရာ
ငါ့ရဲ့နေရာ
La-la-la-la
Ohh ရူးတော့မယ်
နင်ကမသိနိုင်ဘူးငါ
ရူးတော့မယ်
ဒဏ်ရာတွေနဲ့ပြည့်နေပြီ

ငါ့နေရာကိုနင်ခဏလောက်ဝင်ကြည့်ပေးပါ (ပေးပါ)
ငါ့နေရာမှာဆိုနင်ဘာလုပ်မှာလဲပြော
(နင်ဘာလုပ်တတ်မှာလဲ)
ခဏဆုံနိုင်တယ်
ခဏယုံနိုင်တယ် (ယုံနိုင်တယ်)
နောက်ဆုံးတော့ငါ့ကိုထားလို့ နင်အဝေးထွက်ခွာတယ်
ငါ့နေရာကိုနင်ပြန်ကြည့်ပေး
ငါ့နေရာမှာနင်ဘယ်လိုလုပ်ရပ်တည်မလဲ
ရှင်းပြရခက်နေမယ်
ငါတစ်ယောက်တည်းမျက်ရည်ဝဲ
နင်ရွေ့တဲ့အကွက်တွေထဲ အသက်မဲ့ခဲ့သူငါ

ငါ့နေရာကိုနင်ခဏလောက်ဝင်ကြည့်ပေးပါ
ငါ့နေရာမှာဆိုနင်ဘာလုပ်မှာလဲပြော
ခဏဆုံနိုင်တယ်
ခဏယုံနိုင်တယ်
နောက်ဆုံးတော့ငါ့ကိုထားလို့ နင်အဝေးထွက်ခွာတယ်
ငါ့နေရာကိုနင်ပြန်ကြည့်ပေး
ငါ့နေရာမှာနင်ဘယ်လိုလုပ်ရပ်တည်မလဲ
ရှင်းပြရခက်နေမယ်
ငါတစ်ယောက်တည်းမျက်ရည်ဝဲ
နင်ရွေ့တဲ့အကွက်တွေထဲ အသက်မဲ့ခဲ့သူငါ
Na-na-la-la-la-la-la
La-la



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link