Ma Myaw Lint Tot Bu

ရင်တစ်ခုလုံးကို ကြက်ခြေခတ်ထား နင့်ကို ချစ်တဲ့အချစ်များနဲ့
နင့်အတွက် ငါမဖြစ်နိုင်ဘူးလား? ခစားချင်တာ နင့်အနားပဲ
နင့်အချစ်ကလွဲရင် ဘာတစ်ခုမှ ငါမျှော်လင့်မထားခဲ့
ခြေလှမ်းတွေ ဝေဝါးလာခဲ့ အချစ်စစ်နဲ့ အမုန်းစစ်ကြားထဲ
နင့်အတွက်လား ငါ့အတွက်လား ကွဲကွဲပြားပြားသိသားနဲ့
ငါ့ပေးဆပ်မှု မျက်ကွယ်ပြု နင်ငါ့အချစ်ကို ကာဆီးထားတယ်
အကြောင်းပြချက် မပေးခဲ့ပေမယ့် ဘာလဲဆိုတာ သိပါတယ်
ငါ့ကိုထားခဲ့ပါ နင်စိတ်ချမ်းသာရင် ပြီးတာပဲ
ရပ်တန့်နေတဲ့ တိမ်စိုင်တွေကြား အတွေးတွေ ဟိုဒီငေးနေတယ်
ကောင်းကင်ယံတောင် ငါ့အတွက် ကဗျာတွေ သီဖွဲ့ရေးနေတယ်
ကြယ်လေးတွေလည်း ကံကောင်းအောင် ကြွေကျရင်း ဆုတောင်းပေးလေရဲ့
သေတဲ့အထိကို ချစ်နေမှာ ငါ့အနားက ထွက်ခွာပြေးနေလည်း

နင်ထွက်သွားခဲ့ အဝေးကို
ငါ့အပြစ်တွေလို့ စွတ်စွဲပြီးနင်စျေးဖြတ်ခဲ့
နင်ပျော်မွေ့မယ့် အရပ်ဆီမှာ မင်းနားပါတော့
ငါစွဲလမ်းခဲ့တဲ့ မင်းအချစ်များကို မမျှော်လင့်တော့ဘူး

You're my love, girl
You're my love, girl
မမျှော်လင့်တော့ဘူး
You're my love, girl
You're my love, girl

နင့်ဘက်နဲ့ ငါ့ဘက် မရှင်းရက်လို့ ထားခဲ့တယ်
မင်းတွက်ချက်တဲ့ ငါ့ဘက်ဆိုတာ မင်းအဆက်ဖြတ်မယ့် ဓားတစ်လက်
အသွားတစ်ချက်နဲ့တင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့
လမင်းကိုသာ ခစားရပါစေ သန်း တစ်ထောင်ထဲက ကြယ်တစ်ပွင့်ဖြစ်လည်းရတယ်
ပိုင်ဆိုင်ခွင့် မရှိတော့ပေမယ့် ပေးဆပ်ခွင့်တော့ မျှော်လင့်တယ်
ဖုန်းထဲမှာချစ်တယ် ဆိုပြီး အော်ရင်းနဲ့
သူ့မှာ တခြားတစ်ယောက် ရှိနေလို့ လျှော်သင့်လည်း မျက်ရည်ကျရင်း မျှော်နေမိခဲ့
တစ်လောကလုံး အမှောင်ကျသွားပြီ နင့်နာမည်ကို ခေါ်နေရင်းနဲ့
နင့်အတွက်ဆို ငါရူးလို့ နင့်ဘက်ကတော့ မထူးသလို
အပြစ်တွေ ပုံအောချလိုက်စမ်းပါ နင့်အတွက် ငါခံယူမလို့
နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေရင်း တွေးမိတိုင်း ရင်မှာစူးလို့
ပြန်လိုချင်ခဲ့တာ နင်နဲ့မတွေ့ခင် အချိန် တစ်ခုသို့

နင်ထွက်သွားခဲ့ အဝေးကို
ငါ့အပြစ်တွေလို့ စွတ်စွဲပြီးနင်စျေးဖြတ်ခဲ့
(အဝေးဆုံး ထွက်မသွားဖို့ ဘဝမှာ အနီးဆုံးမှာပဲ ထားချင်လည်း)
နင်ပျော်မွေ့မယ့် အရပ်ဆီမှာ မင်းနားပါတော့
ငါစွဲလမ်းခဲ့တဲ့ မင်းအချစ်များကို မမျှော်လင့်တော့ဘူး

You're my love, girl
You're my love, girl
မမျှော်လင့်တော့ဘူး
You're my love, girl
You're my love, girl

စွန့်လွှတ်ထားတယ် ပိုင်ဆိုင်ဖို့လည်း မမျှော်လင့်ဘူး
နင့်အတွက် ငါအကုန်ပေးဆပ်ထားတယ် ရယူဖို့လည်း မမျှော်လင့်ဘူး
အလွမ်းတွေ သီကုံးထားတယ် နင်မြင်ပါစေလို့ မမျှော်လင့်ဘူး
ငါအရမ်းတန်ဖိုးထားတဲ့ နင့်အချစ် ရဖို့လည်း ငါမမျှော်လင့်တော့ပါဘူး

ငါ့ရဲ့အချစ်တွေ မင်းမြင်သားနဲ့ ကျောခိုင်းပြီးချန်ခဲ့
မင်းရဲ့နှုတ်ခမ်းက မဖြစ်နိုင်ဘူးဆို
မတန်ဘူး နင်ပြောပြီး

နင်ထွက်သွားခဲ့ အဝေးကို
ငါ့အပြစ်တွေလို့ စွတ်စွဲပြီးနင်စျေးဖြတ်ခဲ့
နင်ပျော်မွေ့မယ့် အရပ်ဆီမှာ မင်းနားပါတော့
ငါစွဲလမ်းခဲ့တဲ့ မင်းအချစ်များကို မမျှော်လင့်တော့ဘူး

နင်ထွက်သွားခဲ့ အဝေးကို
ငါ့အပြစ်တွေလို့ စွတ်စွဲပြီး နင်စျေးဖြတ်ခဲ့
(အတွေးထပ်တူ မကျတဲ့အချိန်မှာ ပြေးထွက်လို့ သွားခဲ့တယ်)
နင်ပျော်မွေ့မယ့် အရပ်ဆီမှာ မင်းနားပါတော့
ငါစွဲလမ်းခဲ့တဲ့ မင်းအချစ်များကို မမျှော်လင့်တော့ဘူး

You're my love, girl
You're my love, girl
မမျှော်လင့်တော့ဘူး
You're my love, girl
You're my love, girl

နင်ထားသွားခဲ့ပေမယ့် နင်ငါ့ကို မချစ်နိုင်လည်း
ငါ့လိပ်ပြာ အမြဲထာဝရ နင့်အနားမှာပဲ ရှိနေတယ်
ငါနားလည်လိုက်ပါပြီ ဆုတောင်းတာ နင့်အတွက် တစ်ခု
ဖြစ်ပါစေ နင့်ရဲ့လူက ငါ့လောက် နင့်ကို ချစ်မယ့်သူ



Credits
Lyrics powered by www.musixmatch.com

Link