Good Luck

မင်းမျက်ရည်နဲ့ ရေးသားနေတဲ့ မင်းနဲ့ငါရဲ့
ဒီအချစ်ဇာတ်လမ်းကို ရှေ့ဆက်ဖို့အတွက်နင်
ကြိုးစားမနေနဲ့

သိပ်ချစ်တာလည်း ငါသိပါတယ်
နင့်အတွက်နင်လည်း နင်စဉ်းစားပေးပါ
ဒီအချစ်တစ်ခု အတွက်နဲ့တင် ရူးမိုက်မနေနဲ့

အတူတူလက်တွဲ ပုံဖော်ခဲ့သော
ပျော်ရွှင်စရာများလည်း
ပြန်မလိုချင်လည်း မလွယ်ကူတော့ဘူး
မေ့ပစ်လိုက်ပါတော့

နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် နင့်အတွက်
နင်အရာရာ အဆင်ပြေဖို့
Good Luck Good luck
နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် ငါနင့်အတွက်
နင်ပျော်ရွှင်စေဖို့
Good Luck Good luck
ဆုတောင်းပေးတယ် နင့်အတွက်

တိတ်တိတ် ငိုမနေနဲ့မျက်ရည်သုတ်လိုက်
ပစ်စလက်ခတ် လျှောက်တွေးမနေနဲ့ ရပ်လိုက်
မင်းသားနဲ့ မင်းသမီးနဲ့ Ending မှာပေါင်းဖက်တဲ့
နင်သိပ်ကို အားကျတဲ့ ဇာတ်လမ်းတွေမေ့လိုက်
အတူတူ ဘုရားမှာတောင်းခဲ့ဖူးတဲ့
ဆုတွေကိုလည်းမေ့လိုက်
အတူတူ မော့ကြည့်ဖူးတဲ့
ကြယ်တွေစုံတဲ့ ညတွေမေ့လိုက်
မင်းစုတ်ကာဖြဲလိုက် လေထဲမှာဝဲလိုက်
လောင်ကျွမ်းပြာချလိုက်

မင်း မင်း အပြုံးများနဲ့ ဆေးခြယ်ထားတဲ့
အပြောရောင် ကောင်းကင်ကြီးကလှပလွန်းခဲ့ဖူးတယ်
ဒူ ဒူ ချပ် စည်းချက် မညီတဲ့
ရင်ခုန်သံစဉ်တွေ အတူတူ tempo ညှိခဲ့ဖူးတယ်
နင်လည်း သိတာဘဲ ရိုမီယို ဂျူးလိယက်
သိပ်ပြီးချစ်သော်လည်း နောက်ဆုံးဝေးကွာခဲ့
တကယ်တော့အချစ်ဆိုတာ ဘဝ လည်း မဟုတ်ပေမယ့်
ဘဝမှာအချစ်ကိုတော့ နင်မကိုးကွယ်နဲ့

နောက် ဖုန်းတွေ ဆက်မနေနဲ့ Message တွေဆက်တိုက်ပို့မနေနဲ့
ငါ့ကို နင် သတိရတဲ့အခါ အိပ်ပစ်လိုက်ပါ
ဒါနင့်အတွက်ကောင်းပါတယ်
မင်းခေါင်းထဲက ငါ့ရဲ့အကြောင်းတွေအားလုံး
ငါတို့နှစ်ယောက်ရဲ့ အမှတ်တရတွေအားလုံး
မေ့ပစ်ဖို့ မျက်ရည်တွေငါထိန်းပြီးတော့ပြောမယ်
l love you but I have to go

နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် နင့်အတွက်
နင်အရာရာ အဆင်ပြေဖို့
Good Luck Good luck

နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် နင့်အတွက်
နင်ပျော်ရွှင်စေဖို့
Good Luck Good luck
ဆုတောင်းပေးမယ် မင်းအတွက်

မင်းအချစ်နဲ့ မတန်တဲ့ငါ့အတွက်
ပေးဆပ်ဖို့ မတန်တဲ့ငါ့အတွက်
နင်ငိုမနေနဲ့တော့
မင်းလှည့်ထွက်သွားလိုက်တော့
မုန်းရရင် မုန်းလိုက်တော့
အရာအားလုံးမေ့ပြီးတော့

Yeah Bye

နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် နင့်အတွက်
နင်အရာရာ အဆင်ပြေဖို့
Good Luck Good luck

နင်ငိုမနေပါနဲ့ နင့်အတွက် နင့်အတွက် နင့်အတွက်
နင် ပျော်ရွှင်စေဖို့
Good Luck Good luck
ဆုတောင်းပေးမယ် မင်းအတွက်



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link