မယုံနိုင်တော့ဘူး

အဖြူရောင်ချယ်တဲ့ တိမ်တိုက်များ
လေနှင်ရာကို ရွေ့လျားနေ
ကမ္ဘာကုန်ကျယ်အောင် ရွေ့လျားလည်း
မဆုံးနိုင်ပေ
ငါနေချင်တာ နင့်အနားမှာ
ငါလိုချင်တဲ့ အိပ်မက်ကမ္ဘာ
အကြင်နာတွေနဲ့ ငါတည်ဆောက်လည်း
ဖြစ်မလာတယ်
အဝေး ငါတို့ဝေးပြီ ဆွေး ငါတော့ဆွေးပြီ
အချစ်ငါ့ကိုချစ်သည် နင်အခုဘယ်လိုဖြစ်သွားလဲ
ငါမယုံနိုင်တော့ဘူး မယုံနိုင်တော့ဘူး
မယုံနိုင်တော့ဘူး ချစ်သူရယ်

ထင်ကျန်နေတဲ့ နင့်အနမ်းများ
ရင်ခွင်အသည်းကိုဖောက်ထွင်းကာ
ဝေဒနာတွေနဲ့ချန်ရစ်ပြီး ပြေးသူရေ
ငါနေချင်တာ နင့်အနားမှာ
ငါလိုချင်တဲ့ အိပ်မက်ကမ္ဘာ
အကြင်နာတွေနဲ့ ငါတည်ဆောက်လည်း
ဖြစ်မလာခဲ့တယ်
အဝေး ငါတို့ဝေးပြီ ဆွေး ငါတော့ဆွေးပြီ
အချစ်ငါ့ကိုချစ်သည် နင်အခုဘယ်လိုဖြစ်သွားလဲ
မယုံနိုင်တော့ဘူး ငါမယုံနိုင်တော့ဘူး
မယုံနိုင်တော့ဘူး ချစ်သူရေ
မယုံနိုင်တော့ဘူး ငါမယုံနိုင်တော့ဘူး
မယုံနိုင်တော့ဘူး ချစ်သူလေး ရေ



Credits
Lyrics powered by www.musixmatch.com

Link