Pa Dauk Pann Chit Thu

တပေါင်းကုန်ချိန် တောင်လေသွေးလို့
ရွက်ဝါတွေကြွေ
မိဿရယ် ရာသီကူးမို့လေ
နှစ်အခါတော်အတာရေဖြန်းလို့
ပန်းပိတောက်တွေကြွေ အေးချမ်းပါစေ
ပက်ဖျန်းသင်္ကြန်ရေ

မျက်နှာရယ် ရွှင်ကာမြူးတဲ့အလှပျိုမဒီရေ
မန်းသင်္ကြန်မှာ အတူပျော်မြူးစို့လေ
အလွမ်းတော်ပြေ ကဗျာတွေရေးလို့
အချစ်မေတ္တာခြွေ
ပန်းပိတောက်နဲ့အလှပျိုမဒီရေ

ဂိန်မာန်နွေကင်း နှစ်သစ်အခါကူးခဲ့ပြီ
ရွှေရောင်လိုအဆင်း ပန်းပိတောက်တွေမြူးခဲ့ပြီ
အပူဒဏ်တွေကင်း အေးမြပါစေ တောင်းဆုချီ
ငွေမှုံတွေခင်း ရေဖလားလေးနဲ့ လောင်းပက်ကခုန်ပြီ

မြူးလို့ ကလို့ ခုန်လို့ ရေပက်ကြမယ်...
ရှေးမြန်မာတွေ အပူကင်းစေဖို့ရေကစားကြတယ်...
သင်္ကြန်ရက်ကွယ်
တူပို့သံဝေလို့ မင်းကိုလွမ်းတယ်
လှမ်းခဲ့ပါ ပိတောက်ပန်းချစ်သူလေးရယ်

မနှစ်ကဗဟိုမဏ္ဍပ်မှာ တွေ့ဆုံကြတယ်
ပိတောက်ပန်းတွေပန်လို့ ယိမ်းကနေတယ်
ပျိုမဒီလေးရယ် ပန်းပိတောက်တွေပန်ဖို့
ခူးကာထားတယ်
ခွင့်ပြုပါ မန္တလေးသား ချစ်ရေးဆိုချင်တယ်

အို ဟို ဟို မိန်းကလေးရယ်အဖြေပေးပါကွယ်
နှစ်သစ်ကူးမှာ တွဲကာလျှောက်မယ်
ကျုံးတော်ရှေ့ကွယ်
အို ဟို ဟို မိန်းကလေးရယ် အဖြေပေးပါကွယ်
မန်းဗဟိုရှေ့မှာ လမ်းလျှောက်ရင်းကွာ
ရေကစားကြမယ်
အို ဟို ဟိုမိန်းကလေးရယ် အဖြေပေးပါကွယ်

ရွှေမန်းသားရင်ဖို လိုက်မောလို့ရူးခဲ့ရပြီ
မင်းအလှတွေကို မျှော်မှန်းလို့ဆွေးခဲ့ရပြီ
တေးကဗျာတွေရေးဖွဲ့ကာဆို နှလုံးသားမှာ
အလွမ်းလေးတွေပို
ယိမ်းနွဲ့လို့တွဲကပျော်မယ် နှမပျို
သီချင်းလေးလဲအတူဆိုမယ်ကွယ် မန်းတောင်ရိပ်ခို

အို ဟို ဟို မိန်းကလေးရယ် အဖြေပေးပါကွယ်
နှစ်သစ်ကူးမှာ တွဲကာလျှောက်မယ်
ကျုံးတော်ရှေ့ကွယ်
အို ဟို ဟို မိန်းကလေးရယ် အဖြေပေးပါကွယ်
မန်းဗဟိုရှေ့မှာ လမ်းလျှောက်ရင်းကွာ
ရေကစားကြမယ်
အို ဟို ဟို မိန်းကလေးရယ် အဖြေပေးပါကွယ်

အဓိဌာန်တွေအောင်ဖို့ သွားမယ်
ကုသိုလ်တော် မဟာမုနိဘုရားရယ်
တောင်းဆုတွေပြည့်ဖို့ သွားဖူးမယ်
မန်းတောင်ပေါ် မြွေကြီးနှစ်ကောင်နဲ့ ဘိုးဘိုးကြီးရယ်
ဝေယောဇနစေတီမြတ်ထံပါးဝယ်
ပန်းကပ်လို့... လိုရာဆုတွေတောင်းမယ်
တစ်ယောက်ဆိုတစ်ယောက် မင်းကိုထာဝရချစ်မယ်
နှစ်ကိုယ်တူအဓိဌာန်ပြု အောင်တော်မူဘုရား
သစ္စာတည်

အို ဟို ဟို မိန်းကလေးရယ် အဖြေပေးပါကွယ်
နှစ်သစ်ကူးမှာ ဘုရားစုံဖူးကာ ဆုတွေတောင်းမယ်
အို ဟို ဟို မိန်းကလေးရယ် အဖြေပေးပါကွယ်
တစ်ယောက်ဆိုတစ်ယောက်ပါ
ပိတောက်လိုမင်းအပေါ် သစ္စာရှိမယ်
အို ဟို ဟို မိန်းကလေးရယ် အဖြေပေးပါကွယ်



Credits
Writer(s): Nay Htet Shein
Lyrics powered by www.musixmatch.com

Link