Honey Coated Shit

အရင်လူနဲ့ ဇာတ်လမ်းဟောင်းတစ်ခုစာရွက်ပေါ် ငါမြင်လိုက်တယ်
ငါမြင်မှာကိုသိရက် မင်းလုပ်သလား ဒါမတော်တဆလား
အသက်ရှူကြပ်လို့ အသက်ရှူရပ်
အင်ဂျင်မီးဖြတ် စက်ကိုသတ်
လိုချင်တာ အားလုံးဆန့်ကျင်ဘက်
ရေငုံပြီး ငါဟန်ဆောင်ရယ်နေခဲ့

အချိန်အကြာကြီးရောက်မှ ငါနင့်အကြောင်းသိလာ
ယုံကြည်မှုတို့ရေစုန်မျောလို့
အရာရာသဲထဲရေသွန်ဖြစ်မှ နောင်တရ
မကြုံဖူးလို့ပါ ငါ ပုံပေးမိတာ
ဒါဟာ ငါ့အပြစ် နယ်ကျွံတဲ့အချစ်တွေနဲ့
အခုတော့ honey coated shit

ဗရုတ်သုက္ခ အရှုပ်ထုပ်မ
လုပ်ရပ်က ရပ်ကွက်က ရှုံ့ချ
မိတ်ကပ်တွေလိမ်း စိတ်ဓာတ်ကပုပ်ပွ
မလှိမ့်တပတ်နဲ့ အဆိပ်ခတ်တဲ့ စုန်းမ
မြွေပွေးခါးပိုက်ပိုက်ပြီး ငါကလည်း feel တွေတက်
လွယ်လွယ်လေး ကတိတွေပေး လွယ်လွယ်နဲ့ ကတိတွေဖျက်
Bikini ဓာတ်ပုံရိုက် ယောက်ကျားတွေ သည်းခြေကြိုက်
ဒီတစ်ယောက်နဲ့ကျူ ဟိုတစ်ယောက်နဲ့ chat
ငါ့အသည်းကိုခွဲနေလိုက်
Ex နဲ့လည်း အဆက်အသွယ်လုပ် ဇာတ်ကားဟောင်းတွေ ပြန်ရိုက်
ငါပြောတာကျေနပ်လား မကျေနပ်ရင်လဲသေလိုက်

အရင်လူနဲ့ ဇာတ်လမ်းဟောင်းတစ်ခုစာရွက်ပေါ် ငါမြင်လိုက်တယ်

အချိန်အကြာကြီးရောက်မှ ငါနင့်အကြောင်းသိလာ
ယုံကြည်မှုတို့ရေစုန်မျောလို့
အရာရာသဲထဲရေသွန်ဖြစ်မှ နောင်တရ
မကြုံဖူးလို့ပါ ငါ ပုံပေးမိတာ
ဒါဟာ ငါ့အပြစ် နယ်ကျွံတဲ့အချစ်တွေနဲ့
အခုတော့ honey coated shit

မဟုတ်တရုတ် အရှုပ်ထုတ်
အနုတ်စုတ်ဂုတ်စုတ်တွေနဲ့ အလုပ်ရှုပ်
မဟုတ်ကဟုတ်က ဇယားတွေရှုပ်ပွ
ဆက်နွယ်ပက်သက်သမျှ ငါ့အတွက်က ဒုက္ခ
အချိုရည် မျက်နှာဖုံးနဲ့ ဆရာကျတာ သေလောက်တယ်
အရှေ့ကျတော့တစ်မျိုး အနောက်ကျတော့တစ်မျိုး
လျှာနှစ်ခွနဲ့ မြွေဟောက်ပဲ
အရေခွံတွေချွတ်
အရောင်ပြောင်းလဲတာ ပြောင်မြောက်တယ်
စပါးကြီးလိုညှို့ စပါးအုံးလိုချုပ်
မင်းတကယ်ကို ထောင်ခြောက်ပဲ
သိက္ခာတစ်ပဲခြောက်ပြားနဲ့ စိတ်နာအောင်လိမ်ညာလိုက်
အဝီစိမှာ ချိုးကပ်ပါစေ မင်းကိုငါကျိန်စာတိုက်

အရင်လူနဲ့ ဇာတ်လမ်းဟောင်းတစ်ခုစာရွက်ပေါ် ငါမြင်လိုက်တယ်

အချိန်အကြာကြီးရောက်မှ ငါနင့်အကြောင်းသိလာ
ယုံကြည်မှုတို့ရေစုန်မျောလို့
အရာရာသဲထဲရေသွန်ဖြစ်မှ နောင်တရ
မကြုံဖူးလို့ပါ ငါ ပုံပေးမိတာ
ဒါဟာ ငါ့အပြစ် နယ်ကျွံတဲ့အချစ်တွေနဲ့
အခုတော့ honey coated shit

Honey coated shit မင်းက honey coated shit
ငါ့စိတ်တွေညစ် မင်းအတွက်နဲ့မူးယစ်
Honey coated shit အခုတော့ honey coated shit
ငါ့စိတ်တွေမှာ မင်းကိုအပိုင်းပိုင်းခုတ်ထစ်
Honey coated shit မင်းက honey coated shit
ငါ့စိတ်တွေညစ် မင်းအတွက်နဲ့မူးယစ်
Honey coated shit အခုတော့ honey coated shit
စိတ်ထိန်းမရတဲ့ အဖြစ် မင်းကိုအပိုင်းပိုင်းခုတ်ထစ်

အရင်လူနဲ့ ဇာတ်လမ်းဟောင်းတစ်ခုစာရွက်ပေါ် ငါမြင်လိုက်တယ်

Honey coated shit မင်းက honey coated shit
ငါ့စိတ်တွေညစ် မင်းအတွက်နဲ့မူးယစ်
Honey coated shit အခုတော့ honey coated shit
ငါ့စိတ်တွေမှာ မင်းကိုအပိုင်းပိုင်းခုတ်ထစ်



Credits
Writer(s): Sai Sai Kham Leng
Lyrics powered by www.musixmatch.com

Link