Ta Say Lo Bell

ရည်းစားဖြစ်စမှာ ဘယ်သူမှ အဲ့လောက် မချစ်ကြဘူး
တစ်ယောက်က အသစ်ရသွားနိုင်သလို နောက်တစ်ယောက်ကလည်း ပစ်ချသွားနိုင်တယ်
ဒါပေမယ့် တကယ်ချစ်ပါတယ်ဆိုတဲ့အချိန်ကျမှ ခေတ္တကစားတယ်ဆိုတာတော့
ငါ့ဘက်က နစ်နာလွန်းပါတယ်
ရတယ် ၊ နင့်ဟာနင် မေတ္တာပဲမဲ့မဲ့ သစ္စာပဲနည်းနည်း
နင့်ကိုငါ့လောက်ချစ်တဲ့သူ အနှစ်တစ်ရာ ရှာရင်တောင် ဖြစ်လာမှာ မဟုတ်ဘူး
ငါ့အနားက အတင်းခွာတဲ့နင့်အတွက် ဆုတောင်းပေးပါတယ်
နင့်အပါးမှာ ခစားသမျှ လူတိုင်းရဲ့အချစ် ငါ့ အချစ်လိုမျိုး စစ်ပါစေ

အတွေးမဲ့ ပုံရိပ်တွေ
ပြိုလဲခဲ့ အိပ်မက်များ
ချနင်းခဲ့တဲ့ မနက်ဖြန်တွေ
တိမ်များအကြားကတိုက်အိမ်
ပြည်ဖုံးကားကုလားကာချ
ကြိုးပြတ်သွားတဲ့ ရုပ်သေးလို
ဦးတည်ရာမဲ့

ပြေးထွက်ဆဲ အနမ်းတွေကို
ဖမ်းဆုပ်ဖို့ ဟစ်အော်သံ တွေ
နားထဲမှာ စွဲကျန်နေ
မယုံနိုင်လည်း
အတိတ်က တံလျှပ်တွေက
တံတိုင်းများလို ဆီးကာနေ
ခြောက်လှန့်နေဆဲ
တစ္ဆေလိုပဲ

မင်းနဲ့ငါချစ်ခဲ့တာ ရင်ဘတ်မှာ တံဆိပ်ကပ်လို့ထား
တဒင်္ဂတွေ အမြင်မှားစေ ငါ့အနားမှာ ဝဲလို့ပျံသွား
အကြောင်းအရင်းမဲ့ ခေါင်းစဥ်မဲ့ ဘဝ၁ခုလုံး စတေးခဲ့တာမှ
နင်ပစ်ချပြီး အဝေးဆုံးကို ငါ့အနားက ပြေးထွက်ပြီလား?
အတူရှိချိန် ထားခဲ့တဲ့ ကတိတို့ကို မှတ်မိနေသော
အဖြစ်အပျက်တွေ ဓားနဲ့ငါ မွှန်းပစ်ချင် မခံစားနိုင်တော့
ငါရူးပြီလား? သူစိမ်းလိုမျိုး အဖြစ်ဆိုးတွေ အခုထိနာတယ်
နင်မရှိတော့ ငါ့ရဲ့ အနာဂတ်က
ဦးတည်ရာမဲ့

ပြေးထွက်ဆဲ အနမ်းတွေကို
ဖမ်းဆုပ်ဖို့ ဟစ်အော်သံ တွေ
နားထဲမှာ စွဲကျန်နေ
မယုံနိုင်လည်း
အတိတ်က တံလျှပ်တွေက
တံတိုင်းများလို ဆီးကာနေ
ခြောက်လှန့်နေဆဲ
တစ္ဆေလိုပဲ

ရှင်သန်ခြင်း နေ့ရက်တွေမှာ
ဘဝတို့ ကွာဝေးခဲ့
ဒဏ်ရာများ အဆီးအတားမဲ့
ဆူးနင့်နေတယ် (ဆူးနင့်နေတယ်)
အိပ်မက်ထဲ အခါခါမြင်တွေ့တယ် ၊ နာကျင်နေသေးလည်း
ကြာလာရင် အဝေးကို တစ်နေ့တော့
မြူခိုးလိုပျောက်ကွယ်မယ် (မြူခိုးလိုပျောက်ကွယ်မယ်)
ခြေရာတွေထပ်ခဲ့တဲ့ လမ်းမီးတိုင်အောက်ကို
အတူတူလို့ မျှော်မှန်းပြီး ငါလျှောက်တယ်
အလွမ်းတို့နဲ့ တစ်ယောက်တည်း
အကြိမ်ကြိမ် Psycho ဖောက်နေလည်း အဖြေ ငါမရောက်ခဲ့
အသည်းခိုက်အောင် ကြောက်ခဲ့တဲ့ စည်းတွေကို နင် အလီလီ အခါခါ ဖောက်တယ်
ငါဆောက်ခဲ့တဲ့ လေထဲက တိုက်အိမ်လေးကို ဖျောက်ဖျက်ပစ်ရတာက ဘာကြောင့်လဲ?

ပြေးထွက်ဆဲ အနမ်းတွေကို
ဖမ်းဆုပ်ဖို့ ဟစ်အော်သံ တွေ
နားထဲမှာ စွဲကျန်နေ
မယုံနိုင်လည်း
အတိတ်က တံလျှပ်တွေက
တံတိုင်းများလို ဆီးကာနေ
ခြောက်လှန့်နေဆဲ
တစ္ဆေလိုပဲ

ကျိုးကြေသွားတဲ့ ပုံရိပ်တွေနဲ့
မှုန်ဝါးတဲ့ အိပ်မက်များ
အရောင်အဆင်းမဲ့တဲ့ မနက်ဖြန်မှာ
တိမ်များအကြားက တိုက်အိမ်ကို
ပြည်ဖုံးကား ကုလားကာချ
ကြိုးပြတ်သွားတဲ့ တစ္ဆေလို
မျောလွင့်သွား



Credits
Lyrics powered by www.musixmatch.com

Link