Butterfly

လွန်ခဲ့တဲ့ ၄နာရီ ဒီသီချင်းကို ငါစရေးတယ်
နင့်အကြောင်းစဥ်းစားရင်း စတွေ့ခဲ့တာလည်း မနေ့တနေ့ကလို အတွေးထဲ
ဖြူစင်လွန်းတဲ့ နင့်ရဲ့ အပြုအမူလေးတွေကြောင့်
ပန်းချီကား တစ်ချပ်လိုဆေးခြယ်
တစ်ခါတည်း သော့ခတ်ပြီး အပိုင်သိမ်းထားလိုက်ချင်တယ် ငါ့ရဲ့ရင်ခွင်လေးထဲ

နေရောင်ခြည်များရဲ့အောက် အရောင်စုံတဲ့ လိပ်ပြာလေးဝဲ
သံလှောင်အိမ်လေးနဲ့ ဖမ်းဖို့ မကြိုးစားချင်လည်း တစ်ပါးသူ ယူမှာစိုး
အတောင်အလက်တို့ဖြန့် ပျံဝဲနေတာ မြင်ချင်လည်း
အတောင်ကျိုးတဲ့ အခိုက်မှာ မင်းနားခိုစရာ မရှိမှာ ငါလေ စိုးလို့

ဒီကမ္ဘာကျယ် ငါရွက်လွှင့်လို့သွားတယ်
ဘယ်မှာလဲ အချစ်စစ် ရှာဖွေရင်းနဲ့
ကြုံဆုံလာ လှည့်ဖြားတဲ့ မျက်နှာဖုံးတွေ
အပေါ်ယံကောင်းလည်း လူတွေ မာယာများတယ်

ကြိုတင်ပြီး မသိနိုင်တယ် ခန့်မှန်းဖို့ မဖြစ်နိုင်တယ်
ဒီလောကရဲ့အလယ် ရှင်သန်နေရင်း တစ်နေ့နေ့ တစ်ချိန်မှာ
ငါချစ်ရတဲ့သူ တန်ဖိုးထားရသူကို
အရောင်တွေ ပြောင်းလဲတတ်တဲ့ လူတွေနဲ့ မတွေ့ကြုံစေချင်လို့

နေရောင်ခြည်များရဲ့အောက် အရောင်စုံတဲ့ လိပ်ပြာလေးဝဲ
သံလှောင်အိမ်လေးနဲ့ ဖမ်းဖို့ မကြိုးစားချင်လည်း တစ်ပါးသူ ယူမှာစိုး
အတောင်အလက်တို့ဖြန့် ပျံဝဲနေတာ မြင်ချင်လည်း
အတောင်ကျိုးတဲ့ အခိုက်မှာ မင်းနားခိုစရာ မရှိမှာ ငါလေ စိုးလို့

အမြတ်တနိုးနဲ့ ခူးဆွတ်ခဲ့တဲ့ ဒီပန်းလေး ငါတို့ဘယ်လိုပဲ အလှမ်းဝေးပါစေ
တစ်နေ့ကျ ပေါင်းဖက်ရဖို့ ဘုရားပေါ်တက် ပုတီးပတ်ကို သက်စေ့ရေ
မှားတာရှိလည်း ခွင့်လွှတ်ကြတယ် အရှုံးအမြတ် ငါတို့ မတွက်ကြေး
ဒါပေမယ့် မထင်မှတ်ထားချိန်မှာ ရောက်လာခဲ့တယ် အခက်တွေ့စေတဲ့ အကျိုးတရားတွေ
စတွေ့ကတည်းကချစ်ခဲ့တာ နင့် ရိုးသားမှုကို
အခုတော့ အဲ့ဒီ ရိုးသားမှုက ငါ့ကို ပြန်သတ်ဖို့ အားပြုလို့
လူတိုင်းကို ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တာကို မမှားဘူးလို့
ငါသိလည်း မဖြစ်တော့ဘူး ငါတားရတော့မယ်လို့ စကား အခုဆို
လူ့စိတ်က ကောက်ကွေ့တယ် နင် ဒါတွေ မမြင်နိုင်သေးလည်း
ငါ့စကားတွေ နားလည်တဲ့ တစ်နေ့ကျ အချိန်လွန်သွားမှာ ရင်လေးတယ်
ယိမ်းယိုင်တဲ့ ဘယ်သူ့ကိုမှ အားမနာနဲ့ နင်ချုပ်ခြယ်တယ်လို့ပဲ တွေးတယ်
အမုန်းခံပြီးတော့ ငါတားတယ်၊ ဒီလိုနဲ့ ငါတို့ ၂ ယောက်စလုံးလည်း ဝေးခဲ့
လွန်ခဲ့တဲ့ ၄နာရီ ဒီသီချင်းကို ငါစရေးတယ်
နင့်အကြောင်းစဥ်းစားရင်း စတွေ့ခဲ့တာ မနေ့တနေ့ကလို အတွေးထဲ
ဖြူစင်လွန်းတဲ့ နင့်ရဲ့ အပြုအမူလေးတွေကို မပျောက်ကွယ်စေချင်ပေမယ့်
လူတိုင်းကို မင်းလေးလို ဖြူစင်မယ်လို ထင်ထားတာလား ကလေးရယ်

နေရောင်ခြည်များရဲ့အောက် အရောင်စုံတဲ့ လိပ်ပြာလေးဝဲ
သံလှောင်အိမ်လေးနဲ့ ဖမ်းဖို့ မကြိုးစားချင်လည်း တစ်ပါးသူ ယူမှာစိုး
အတောင်အလက်တို့ဖြန့် ပျံဝဲနေတာ မြင်ချင်လည်း
အတောင်ကျိုးတဲ့ အခိုက်မှာ မင်းနားခိုစရာ မရှိမှာ ငါလေ စိုးလို့



Credits
Lyrics powered by www.musixmatch.com

Link