A Lwan Budar

အသိဉာဏ်ထဲ မဆန့်တဲ့ အဖြေမှန်
ဘဝ အချိန်က ရှင်းပြနေပြီ
ဝေးလံလွန်းတဲ့ ဘဝမိုင်များရှိနေဆဲ

အချစ်တစ်ခုနဲ့ မပြီးပြည့်စုံတာ
ဘဝအချိန်က ရှင်းပြနေပြီ
ခဏပါပဲ လွမ်းလိုက်ပါကွယ်
ဒီဘူတာ

ငါ့ဘူတာမှာ ဆိုက်ကပ်ကာထား
အလွမ်းရထားလေး
အတိုင်းအတာမဲ့တဲ့ ဘဝမိုင်များရှိနေဆဲ
သွားပါ ကလေးရယ် ဘယ်မှာရပ်နားမလဲ
ဘယ်ဘူတာလဲ

အသိဉာဏ်ထဲ မဆန့်တဲ့ အဖြေမှန်
ဘဝ အချိန်က ရှင်းပြနေပြီ
ဝေးလံလွန်းတဲ့ ခရီးမိုင်များရှိနေဆဲ

အချစ်တစ်ခုနဲ့ မပြီးပြည့်စုံတာ
ဘဝအချိန်က ရှင်းပြနေပြီ
ခဏပါပဲ လွမ်းလိုက်ပါကွယ်
ဒီဘူတာ

ငါ့ဘူတာမှာ ဆိုက်ကပ်ကာထား
အလွမ်းရထားလေး
အတိုင်းအတာမဲ့တဲ့ ဘဝမိုင်များခုတ်မောင်းရင်း
ရေး... ဟေး
ငါ့ဘူတာမှာ ဆိုက်ကပ်ကာထား
အလွမ်းရထားလေး
အတိုင်းအတာမဲ့တဲ့ ဘဝမိုင်များရှိနေဆဲ
သွားပါ ကလေးရယ် ဘယ်မှာရပ်နားမလဲ
ဘယ်ဘူတာလဲ



Credits
Writer(s): Ko Kee
Lyrics powered by www.musixmatch.com

Link