မမေ့သေးဘူး

တကယ်ဆို အရင်အတိုင်းပဲ
ဘာတွေမှ ငါမပြောင်းလဲ
ရင်ထဲမှာ တစ်ယောက်တည်းရှိတယ်
အမှတ်တရ သိမ်းဆည်းလို့ထားတဲ့
ဘယ်တော့မှ ပျောက်ပျက်မသွားမယ့်
အစားထိုးမရတဲ့ အရာတစ်ခုပဲ
နှိုင်းယှဉ်စရာ မရှိတော့တဲ့

အကြင်နာ အချစ်များနဲ့
ချည်နှောင်တွယ်ရစ်ထားတဲ့
သံယောဇဉ် နှောင်ကြိုးများနဲ့
မင်းအတွက်ပေးဆပ်လို့သွားမယ်
ငါဘဝတစ်ခု ရင်းပြီးစတေးခဲ့
အခုတော့ အဆုံးသတ်မှာ ကြေကွဲ
အလွမ်းတွေသာ ငါရခဲ့

ဘယ်လိုလုပ်ရမလဲ
ဖြေသိမ့်စရာ မတွေ့ဘူးကွယ်
ဒီရင်ထဲ အစွဲအလန်းများနဲ့
အထီးကျန်လို့ ငါတစ်ယောက်တည်းပဲ
ဘာပြောရမလဲ
အဖြေတစ်ခု ပြန်ရှာဖို့မလွယ်
မရေရာတဲ့ မေးခွန်းများနဲ့ ဒွိဟတွေအပြည့်နဲ့
ငါနာကျင်နေတယ်

အိုး အို အိုး အို

အကြင်နာ အချစ်များနဲ့
ချည်နှောင်တွယ်ရစ်ထားတဲ့
သံယောဇဉ် နှောင်ကြိုးများနဲ့
မင်းအတွက်ပေးဆပ်လို့သွားမယ်
ငါဘဝတစ်ခု ရင်းပြီးစတေးခဲ့
အခုတော့ အဆုံးသတ်မှာ ကြေကွဲ
အလွမ်းတွေသာ ငါရခဲ့

ဘယ်လိုလုပ်ရမလဲ
ဖြေသိမ့်စရာ မတွေ့ဘူးကွယ်
ဒီရင်ထဲ အစွဲအလန်းများနဲ့
အထီးကျန်လို့ ငါတစ်ယောက်တည်းပဲ
ဘာပြောရမလဲ
နင်ငါ့ကို ချန်ခဲ့တယ်
မရေရာတဲ့ မေးခွန်းများနဲ့ ဒွိဟတွေအပြည့်နဲ့
နာကျင်နေတယ်
နာကျင်နေတယ်

အိုး အို အိုး အို

နာကျင်ပါတယ်
ငါနာကျင်နေတယ်
နာကျင်ပါတယ်

တကယ်ဆို အရင်အတိုင်းပဲ
ဘာတွေမှ ငါမပြောင်းလဲ
ရင်ထဲမှာတစ်ယောက်ပဲ ရှိတယ်



Credits
Writer(s): Sate Gyi Ko
Lyrics powered by www.musixmatch.com

Link