Oo Yin Mhue

ပန်းကလေးတွေ
ရှင်သန်ရာဘဝဟာ
ကာရံပတ်စည်းလှောင်ပိတ်တဲ့
ပန်းအိုးထဲမှာ
သူတို့အတွေးတွေ
ရေရေရာရာမရှိပါ
ဘာဆိုဘာမှသူတို့
ပြောမပြတတ်ပါ
သူတို့အတွက်ကို
ဆုတောင်းပေး
ပန်းအိုးမဲ့နေထိုင်ရဖို့
မြေဆီမြေလွှာရေမြေထူပြောတဲ့
မြေပြင်ပေါ်မှာနေထိုင်နိုင်စေ
ကူလီကူမာအကြံဉာဏ်သိပ်များတဲ့
လူတွေလာကာယူပြီးမခူးစေ
ကြင်ကြင်နာနာတာဝန်ယူပေးမယ့်
ဥယျာဉ်မှုးတွေပေါ်လာပါစေ
လုံလုံခြုံခြုံဖြစ်သော
အရိပ်အမိုးအောက်မှာ
မာလာနိုင်ငံပေါ်ပေါက်စေ
ပန်းရောင်းတဲ့
အသည်တွေလာနှုတ်တယ်
အာဟာရပြတ်ပြီးကြွေသွားတဲ့
အပွင့်သိပ်များတယ်
မျိုးစေ့တွေကို
ကြိုတင်သနားတယ်
အပင်ဖြစ်ပြီးဒီအိုးထဲရောက်ရဦးမယ်
အရိပ်တော့ခိုပြီး
အခက်ချိုးသေးတယ်
ဒီပန်းအိုးကိုအတူခွဲစို့
မြေဆီမြေလွှာရေမြေထူပြောတဲ့
မြေပြင်ပေါ်မှာနေထိုင်နိုင်စေ
ကူလီကူမာအကြံဉာဏ်သိပ်များတဲ့
လူတွေလာကာယူပြီးမခူးစေ
ကြင်ကြင်နာနာတာဝန်ယူပေးမယ့်
ဥယျာဉ်မှုးတွေပေါ်လာပါစေ
လုံလုံခြုံခြုံဖြစ်သော
အရိပ်အမိုးအောက်မှာ
မာလာနိုင်ငံပေါ်ပေါက်စေ
အရိပ်တော့ခိုပြီး
အခက်ချိုးသေးတယ်
ဒီပန်းအိုးကိုအတူခွဲစို့
မြေဆီမြေလွှာရေမြေထူပြောတဲ့
မြေပြင်ပေါ်မှာနေထိုင်နိုင်စေ
ကူလီကူမာအကြံဉာဏ်သိပ်များတဲ့
လူတွေလာကာယူပြီးမခူးစေ
ကြင်ကြင်နာနာတာဝန်ယူပေးမယ့်
ဥယျာဉ်မှုးတွေပေါ်လာပါစေ
လုံလုံခြုံခြုံဖြစ်သော
အရိပ်အမိုးအောက်မှာ
မာလာနိုင်ငံပေါ်ပေါက်စေ
မာလာနိုင်ငံပေါ်ပေါက်စေ
မာလာနိုင်ငံပေါ်ပေါက်စေ
မာလာနိုင်ငံပေါ်ပေါက်စေ
မာလာနိုင်ငံပေါ်ပေါက်စေ



Credits
Writer(s): Kaiza Tin Moong
Lyrics powered by www.musixmatch.com

Link