Tann Ta Nay Sal

အကြိမ်ကြိမ်အခါခါမှားခဲ့မိပါတယ်
ရင်ရင်နာနာ နင်ထားလိုမသွားပါနဲ့
ဒီရင်ခွင်မှာမင်းပဲရှိပါတယ်
အရာရာအားလုံးနင် နားလည်ခွင့်လွှတ်
အမှတ်တရတွေများစွာလဲ
ငါတိုအတူပြန်စုံကာပြောကြမယ်
တစ်ချိန်မှာငါတိုတွေ အတူတူ
နီးစပ်ဖို ကြိုးစားရင်း ဝေး

မကောင်းမှန်းလည်းသိတယ် ငါမှားခဲ့မိတယ်
ငါ့ရင်ဘတ်ထဲက ဒဏ်ရာတွေတောင်
အရင်တိုင်းပဲရှိတယ်
မင်းပြောင်းလဲပေးမှငါ့ရဲ့ဘဝဟာ
အရာရာအားလုံး အသစ်ကနေဖြစ်မာ
အားမလျော့ပဲ မင်းလိုတာအကုန် ဖြည့်စည်းပေးမာ
မင်းလိုအပ်တယ်ဆိုရင် ငါ့ရဲ့အသက်ပါပေးမာ
မင်းကငါ့အတွက် ဘုရားကပေးတဲ့ ဆုလာဒ်ကွယ်
မင်းကိုငါ အမြဲတမ်းပျော်အောင်ထားမယ်
အမြဲတမ်းငါ စိတ်ချမ်းသာအောင်ထားပါ့မယ်
ငါတိုနှစ်ယောက်အချစ်ကို နားလည်မှုနဲ့တည်ဆောက်ကြမယ်
တစ်ခါတစ်လေ ငါမှားတာလေးတွေရှိရင်ခွင့်လွှတ်ကွယ်
စိတ်စေရာကိုဦးစားပေးပြီး မင်းထင်ရာကိုလျောက်မလုပ်နဲ့
နင့်အပြုံးလေးတွေ ငါ့ရင်ဘတ်ထဲလာငြိတွယ်
မင်းကိုချစ်နေမာ ကမ္ဘာတည် သရွေ့ကွယ်
ဘယ်လောက်ထိ ချစ်တယ်ဆိုတာ
မင်းလေးတော့ သိပါ့မလား
ငါ့အချစ်ကမင်းတွက်ဆိုရင်
အမြဲတမ်းပဲ forever...

အကြိမ်ကြိမ်အခါခါမှားခဲ့မိပါတယ်
ရင်ရင်နာနာ နင်ထားလိုမသွားပါနဲ့
ဒီရင်ခွင်မှာမင်းပဲရှိပါတယ်
အရာရာအားလုံးနင် နားလည်ခွင့်လွှတ်
အမှတ်တရတွေများစွာလဲ
ငါတိုအတူပြန်စုံကာပြောကြမယ်
တစ်ချိန်မှာငါတိုတွေ အတူတူ
နီးစပ်ဖို ကြိုးစားရင်း ဝေး

တစ်ယောက်ပေါ်တစ်ယောက်...နားလည်စွာချစ်သွားကြမယ်
ငါတိုနှစ်ယောက်ယုံကြည်စွာတွဲလာတဲ့... ရက်များကမနည်း
မှတ်ထားပါ့မယ်...မင်းကြိုက်တဲ့အရာများစွာ
ငါပေးတဲ့ချစ်ခြင်းမေတ္တာ၊ယုံကြည်ဖို ခက်လား
လမ်းခွဲကာသွားရက်လဲ ချစ်ခဲ့ပါတယ်
ချစ်လွန်းလို သဝန်တိုမိတယ် မထားခဲ့ပါနဲ့
အသစ်တစ်ယောက်ကို ထပ်မရှာပဲ ပြန်လာခဲ့ပါကွယ်
ညနေဆို မင်းအိမ်လမ်းထဲမှာ ယောင်ချာချာနဲ့လည်
ချိန်ခွင်ရဲ့နိယာမအရ တဖက်ဖက်က အလေးပိုများ
အလေးမခိုးတဲ့ ငါ့ရဲ့အချစ်ကို မင်းလာကစား
နွေးထွေးမှုနဲ့ ဂရုစိုက်မှုတို မတောင်းပဲရရင်ပျော်ပါတယ်
အော်ဒါနဲ့ မင်းမရှိလို အငိုရှာတယ်
ပူပူနွေးနွေး မင်းစားချင်တဲ့ကြေးအိုး
နှစ်ယောက်တူတူသွားစားမယ်လက်ချင်းကိုချိတ်လို
လူကြီး တွေ အမြင်မှာတော့ ငါတိုနှစ်ယောက်ကရှေးရိုးဆန်
ပတ်ဝန်းကျင်သွေးထိုးစကားကြောင့် ငါတိုနှစ်ယောက်က ဝေးသွားပြန်

အကြိမ်ကြိမ်အခါခါမှားခဲ့မိပါတယ်
ရင်ရင်နာနာ နင်ထားလိုမသွားပါနဲ့
ဒီရင်ခွင်မှာမင်းပဲရှိပါတယ်
အရာရာအားလုံးနင် နားလည်ခွင့်လွှတ်
အမှတ်တရတွေများစွာလဲ
ငါတိုအတူပြန်စုံကာပြောကြမယ်
တစ်ချိန်မှာငါတိုတွေ အတူတူ
နီးစပ်ဖို ကြိုးစားရင်း ဝေး



Credits
Writer(s): Han Six
Lyrics powered by www.musixmatch.com

Link