Why (feat. Jixk Gabby)

စကားလုံးရဲ့ အဆုံးမှာ မင်းလေး မျက်ရည်ပျို
နာကျင်စွာနဲ့လမ်းခွဲခြင်းကိုရွေး
ကမ္ဘာတူနေလဲ ချစ်ဖို့ မဖြစ်နိုင်သေး
မချစ်လို့မှ မဟုတ်တာကိုမင်းလဲသိမယ်လို့
ဝန်ခံခြင်ရက် ဖွင့်ဟခွင့်တောင် မရခဲ့
ပိုင်ဆိုင်ခြင်ရက် စွန့်ပစ်လိုက်တာ ငါ့အမှားပဲ

ရူးရူးမိုက်မိုက် ဒို့စွဲလန်းကြတယ်
အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်
ငါနင့်ကို ဘာကြောင့်များချစ်မိသွားလဲ
ငါနဲ့နင်နဲ့ ဘာကြောင့်ချစ်ခဲ့ကြလဲ
အေးတိအေးစက် မင်းအပြုံးများ နောက်ကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ကြလဲ
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ကြလဲ

အဲ့ဒီညမှာ အသည်းကွဲတာနဲ့စ
နောက်ထပ်သူစိမ်းတစ်ယောက်ကို
ထပ်ချစ်နိုင်သေးလားလို့မင်းမေးရင်
အရာအားလုံးဟာ မင်းနဲ့သက်ဆိုင်တယ်လို့ မင်းတွေးရင်
ဒါဟာအမှန်တရားပဲလေ
အချစ်ရေ မင်းနဲ့မဝေးချင်
ငါ့အိမ်မက်တွေဟာ ဟိမဝန္တာ နှင်းတွေထဲကိုရောက်ခဲ့
ဒြပ်မဲ့ ကွန်ကရစ်နဲ့လုပ်ထားတဲ့ မီးတောင်များပေါ်ရောက်ခဲ့
တစ်ဝေါဝေါ ဆင်းနေတဲ့မြစ်ရဲ့ မလွန်ဆန်နိုင်ခြင်းပေါ်ရောက်ခဲ့
မင်းရဲ့အချစ်ဆိုတဲ့ နာကျင်ရခြင်းအပေါ် တိုက်တွေဆောက်ခဲ့
ငါဟာမင်းနဲ့ပတ်သက်ရင်
စိတ်ပျော့လွန်းနေလို့တဲ့ ရူးမိုက်စရာ
မင်းပန်းပဲခူးခူး လမ်းပဲကူးကူး
ဘဝမှာ ဂရုစိုက်ပါ
အသည်းကွဲတဲ့ တနင်္လာနေ့တွေဟာ
အပတ်တိုင်းမှာ ငါ့ဆီရောက်လာ
နိုင်ငံတော်သတင်းစာထဲ ထည့်ရေးရင်
မင်းက ထရယ်လောက်မလား ချစ်တယ်
တကယ်ဆိုခေါင်းတွေသာငြိမ့်မိသူ
မင်း မျက်နှာလေး မြင်ရဖို့
ကံကြမ္မာကို ဓားနဲ့ကျိန်မိသူ
ပျော်ရွှင်ခဲ့တယ်မင်းနဲ့ငါ
တကယ်ဆို ချစ်ခဲ့တာ မင်းနဲ့ငါ
အသည်းတွေကွဲလည်း
နောင်တတွေမရခဲ့တာ မင်းနဲ့ငါ

ရူးရူးမိုက်မိုက် ဒို့စွဲလန်းကြတယ်
အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်
ငါနင့်ကို ဘာကြောင့်များချစ်မိသွားလဲ
ငါနဲ့နင်နဲ့ ဘာကြောင့်ချစ်ခဲ့ကြလဲ
အေးတိအေးစက် မင်းအပြုံးများ နောက်ကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ကြလဲ
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ကြလဲ

ရူးရူးမိုက်မိုက် ဒို့စွဲလန်းကြတယ်
အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်
ငါနင့်ကို ဘာကြောင့်များချစ်မိသွားလဲ
ငါနဲ့နင်နဲ့ ဘာကြောင့်ချစ်ခဲ့ကြလဲ
အေးတိအေးစက် မင်းအပြုံးများ နောက်ကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ကြလဲ
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ကြလဲ



Credits
Writer(s): Kejuan Waliek Muchita, Anthony Cornelius Hamilton, Jason Phillips, Pierre Moerlen
Lyrics powered by www.musixmatch.com

Link