Na Na Na (feat. Nanda Sai) [Live / 2019]

ရင်ခုန်သံ ဆူညံနေလား
အနမ်းများနဲ့ ထွေးဖက်လို့ထား
အိမ်ပြန်ချိန်နာရီသံများ
နှလုံးသားထဲ သော့ခတ်လို့ထား

နားနားနားနား နားနားနားနား
နင်ဘာတွေကို လိုချင်သလဲကွာ
နားနားနားနား နားနားနားနား
အရာရာကို ကိုယ်ဖြည့်ဆည်းမှာ

ပိုင်ဆိုင်သမျှအားလုံး
တကိုယ်လုံးကြိုက်သလောက်ယူ အကုန်ပေးပစ်လိုက်မှာ

ဘာတွေလိုချင်နေလဲ ပြောချလိုက်စမ်း
အပ်ကစပြီး ဒုံးပျံအထိ
ဘာတွေဘယ်လို မင်းကတောင်းဆိုတောင်းဆိုဦး
ငြင်းပယ်ရိုး ထုံးစံမရှိ
မျိုသိပ်ထားတဲ့ငါ့အချစ်စိတ်တွေက
ရင်ဘတ်ထဲကရုန်းကန်ပြီး
ထကြွလွန့်လူးနေခဲ့ပြီ
ဘယ်တော့မှပြီးဆုံးရန်မရှိ
အနမ်းမိုးတွေရွာ အရမ်းဆိုးနေလား
ငါ့မှာမင်းကို အဲလို မြတ်နိုးနေတာ
မလွှတ်တမ်းငါ ဖက်ထားချင်တာ
ဒါဆိုအသက်ရှူတွေကြပ်ပြီးတော့ စိတ်ဆိုးမှာလား
တီးတိုးစကားတွေခွန်းဖွဲ့
အခုညက နုပျိုလွန်းတယ်
အိမ်ပြန်ဖို့ လုံးဝမပြောပါနဲ့
မင်းအတွက် အချစ်မီးတွေ ထွန်းမယ်
အချစ်မီးတွေထွန်းမယ်

ရင်ခုန်သံ ဆူညံနေလား
အနမ်းများနဲ့ ထွေးဖက်လို့ထား
အိမ်ပြန်ချိန်နာရီသံများ
နှလုံးသားထဲ သော့ခတ်လို့ထား

နားနားနားနား နားနားနားနား
နင်ဘာတွေကို လိုချင်သလဲကွာ
နားနားနားနား နားနားနားနား
အရာရာကို ကိုယ်ဖြည့်ဆည်းမှာ

ပိုင်ဆိုင်သမျှအရာရာအားလုံးကို
နှလုံးသားနဲ့ ထုတ်ပိုးပြီးတော့ မင်းကိုပေးလိုက်မှာ .

ဘာတွေလိုချင်နေလဲ ပြောပါ ကလေးရယ်
အာလာဒင်ရဲ့ မီးခွက်စောင့်လို ဖြည့်ဆည်းလို့ပေးမယ်
အနှောက်အယှက်တွေ အားလုံးကိုဘေးဖယ်
စိတ်စိတ်စိတ် ရှုပ်စရာ ဘာကိုမှမတွေးနဲ့
ပစ်ချခဲ့ဖို့စိတ်မကူး shorty မင်းကနာမည်ကြီး တံဆိပ်တစ်ခု
ဆော်တွေနဲ့လည်း မအိပ်ပါဘူး
ငါမင်းရဲ့နောက်မှာစောင့်ရှောက်မယ့်အရိပ်တစ်ခု
ရန်ကုန်တစ်မြို့လုံး လျှောက်လည်
နှစ်ယောက်တည်းလျှောက် လိမ့်နေမိ
ရင်ဘတ်ထဲမှာ ဝုန်းဒိုင်း အုန်းဒိုင်း ရိုလာကိုစတာလို့ ငြိမ့်နေပြီ
အချစ်တန်ခိုးတွေပြနေပြီ ရင်ခုန်သံတွေအပီအပြင်နိုးထနေပြီ
အလီဘာဘာလို အော်ပြောလိုက်မယ် တံခါးဖွင့်ပေးပါ
Open sesame open sesame

ရင်ခုန်သံ ဆူညံနေလား
အနမ်းများနဲ့ ထွေးဖက်လို့ထား
အိမ်ပြန်ချိန်နာရီသံများ
နှလုံးသားထဲ သော့ခတ်လို့ထား

နားနားနားနား နားနားနားနား
နင်ဘာတွေကို လိုချင်သလဲကွာ
နားနားနားနား နားနားနားနား
အရာရာကို ကိုယ်ဖြည့်ဆည်းမှာ

ငါ့သီချင်းက နားနားနား ငါ့သီချင်းနဲ့ က က က
ငါ့သီချင်းက နားနားနား ငါ့သီချင်းနဲ့ က က က

နားနားနားနား နားနားနားနား
နင်ဘာတွေကို လိုချင်သလဲကွာ
နားနားနားနား နားနားနားနား
အရာရာကို ကိုယ်ဖြည့်ဆည်းမှာ
နားနားနားနား နားနားနားနား
နင်ဘာတွေကို လိုချင်သလဲကွာ
နားနားနားနား နားနားနားနား
အရာရာကို ကိုယ်ဖြည့်ဆည်းမှာ

ငါ့သီချင်းက နားနားနား ငါ့သီချင်းနဲ့ က က က
ငါ့သီချင်းက နားနားနား ငါ့သီချင်းနဲ့ က က က



Credits
Writer(s): Nanda Sai
Lyrics powered by www.musixmatch.com

Link