Pyar

စိတ်ကူးများလွင့်မျောလို့ငါ
လွတ်လပ်မှုကလက်တစ်ကမ်းမှာ
ဆွဲကိုင်ဖို့လိုနေတာခွန်အား
အခန်းကျဉ်းထဲကိုယ်တိုင်လှောင်ပိတ်
ရှုရှိုက်နေတဲ့အငွေ့တွေငါငေး
တစ်စုံတစ်ယောက်ကအခုချိန်ငါ့ကိုလှောင်နေမလား

မင်းရဲ့လက်ကိုဆွဲပြီးအဆုံးမရှိ
ဒီမုန်တိုင်းမြစ်ကိုငါလှမ်းကြည့်
အလင်းမရှိတဲ့လမိုက်ညလို
နေ့ရက်တိုင်းကလမ်းတွေဘယ်ဆီရောက်မှန်းမသိ
ဆေးလိပ်ကိုမီးညှိ
ယောက်ယက်ခတ်နေတဲ့အတွေးတွေ
ငါသတ်ကြည့်
အဓိပ္ပာယ်မရှိဘာကြောင့်ဖြစ်လာရလဲ
ငါသက်ရှိ

နားထဲပြေးနေသံစဉ်တစ်ချို့
ချရေးမိလိုက်တယ်ဒီအသံကို
အော်ဟစ်နေလဲနားထောင်မဲ့သူမရှိ
ပန်းတိုင်မရှိတဲ့ဒီrunway
ရပ်တန့်ဖို့ခက်လို့ငါဆက်ပြေးနေ
I'm feeling like I gone be a slave

မင်းရဲ့လက်ကိုဆွဲပြီးအဆုံးမရှိ
ဒီမုန်တိုင်းမြစ်ကိုငါလှမ်းကြည့်
အလင်းမရှိတဲ့လမိုက်ညလို
နေ့ရက်တိုင်းကလမ်းတွေဘယ်ဆီရောက်မှန်းမသိ
ဆေးလိပ်ကိုမီးညှိ
ယောက်ယက်ခတ်နေတဲ့အတွေးတွေ
ငါသတ်ကြည့်
အဓိပ္ပယ်မရှိဘာကြောင့်ဖြစ်လာရလဲ
ငါသက်ရှိ



Credits
Writer(s): Shin Mon
Lyrics powered by www.musixmatch.com

Link