Htar Wa Ya A Yay

ဘဝရဲ့ အချိုးကွေ့တွေထဲ
နိမ့်တစ်လှည့် မြင့်တစ်လှည့်နဲ့ ကြိုးစားကာရှင်သန်ကြမယ်
အဆိုးနဲ့အကောင်းနဲ့အမြဲ ဒွန်တွဲကာရှိမှာပဲ
စာငှက်တောင် အငတ်မထားပါ ကတိတော် ရှိတယ် မပူနဲ့ကွယ်
လိုအင်တွေများလေ နစ်လေ ရုန်းထွက်ခက်မယ်
ထာဝရရေးကို တို့ တွေမမေ့သင့်ဘူး ဟူး
သခင်ယေရှု နောက်လိုက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပြီးရွေးချယ်ခဲ့သူမှာ
ထာဝရအသက်ရရှိမယ် အခမဲ့ကျေးဇူးတော်တွေပဲ
ဘာကြောင့်များ ဒါတွေအတွက် ဘာတွေများ အစားထိုးနိုင်မလဲ
စဉ်းစား
အမှောင်လမ်းရဲ့ အဆိုးညစ်တွေထဲ
အလိုလောဘ ဒေါသနဲ့ နစ်မွန်းကာ မနေပါနဲ့ကွယ်
အဆိုးအားဖြင့်နဲ့တော့ အချိန်များကိုအရှုံး မခံနဲ့
လူတိုင်းကို ကယ်လွတ်မယ့် ခရစ်တော် ရှိတယ် မပူနဲ့ကွယ်
လိုအင်တွေများလေ နစ်လေ ရုန်းထွက်ခက်မယ်
ထာဝရရေးကို တို့ တွေမမေ့သင့်ဘူး ဟူး
သခင်ယေရှု နောက်လိုက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပြီးရွေးချယ်ခဲ့သူမှာ
ထာဝရအသက်ရရှိမယ် အခမဲ့ကျေးဇူးတော်တွေပဲ
ဘာကြောင့်များ ဒါတွေအတွက် ဘာတွေများ အစားထိုးနိုင်မလဲ
စဉ်းစား ဆုံးဖြတ်
နောင်တမလွန်အရေးအတွက် နင်လေအသင့်ဖြစ်ပြီလား
စဉ်းစား ဆုံးဖြတ်
ထာဝရရေးအတွက် နင် လေ စိတ်ချရပါစေ
ထာဝရအရေးအတွက် နင်လေ အဆင်သင့်ဖြစ်ပါစေ



Credits
Writer(s): Ehr Layy
Lyrics powered by www.musixmatch.com

Link