The Way

မြို့ပြလူနေမှု အရိပ်ကနေ တိုးထွက်
ခရီးတစ်ခု ကြိုမသိနိုင်တဲ့ ဟိုးတဖက်
ခြေဦးတည့်ရာဆီ မျှော်လင့်ချက်တွေမထား
ပျံသန်းခဲ့ပါပြီ တိမ်လွှာတွေရဲ့အနား
မြို့ပြလူနေမှု အရိပ်ကနေ တိုးထွက်
ခရီးတစ်ခု ကြိုမသိနိုင်တဲ့ ဟိုးတဖက်
လွင်ပြင်ကျယ်တွေလား တောင်တန်းတွေလား
ကန္တာရတွေလား စိတ်ရှိသလောက်ငါသွား
နေ့စဉ်ရုန်းကန် ကန့်သတ်ချက်များနဲ့ လူနေမှုထဲ
သုံးလေးခုတော့မရှိ အများရဲ့စိတ်မှာ ပူနေတစ်ခုပဲ
ဆင်တူဒုက္ခတွေနဲ့ စီးပွါးရေးကအနှုတ်ပြ
လွှတ်ချထားခဲ့ချင်လည်း ကြမ်းကျွံသလိုနှုတ်မရ
လှုပ်ရှားမှုတွေက အသက်မဲ့နေတာကြာပြီ
ပုံစံခွက်ထဲမှာနေ လွတ်လပ်မှုကိုစာစီ
သီချင်းတစ်ပုဒ်ဖြစ်နိုင်ပေမဲ့ ကဗျာမမီစာမပီ
အချိန်တွေအလဟဿ ဒါလီရဲ့နာရီ
လူငယ်အများစုအနာဂတ် လမ်းပျောက်ကာပေါက်ကွဲ
တချို့ကျမူးယစ်ချောက်ထဲ တချို့ကအတွေးအခေါ်စောက်တလွဲ
That's not my type ငါသွားနေတာ မူသေတစ်ခုနဲ့
ကိုယ့်ဘဝကိုယ်ပျော်အောင်နေ အပူတွေမစုခဲ့
ကိုမျိုးကျော့ရဲ့ သီချင်းတစ်ပုဒ်လို လူဖြစ်ရတဲ့ ဒုက္ခ
ဘာပဲဖြစ်ဖြစ်ကောင်းမယ်ထင် ကိုယ်ယုံကြည်ရာလုပ်ကြ
စစ်မှန်တဲ့ငြိမ်းအေးမှုဟာ နေကြည့်လိုက်ပါ တစ်ယောက်တည်း
လွတ်မြောက်နယ်မြေဆိုတာ စိတ်ကူးရုံနဲ့ မရောက်ဘဲ
ဘဝရဲ့အဓိပ္ပါယ်များ ဘဝရဲ့အဓိပ္ပါယ်များ
ဒီခရီးကကြမ်းတယ် ရော့ မင်းနောက်မှာကျောပိုးအိတ်လွယ်ထား
စိတ်တွေလေးနေလား ကိုယ့်ကိုယ်ကို အဆိပ်ပြန်ကြွေးနေလား
မှား မှန်တွေရွေးနေရ နောက်တခါပြန်မေးနေမှာ
ဘဝရဲ့အဓိပ္ပါယ်များ ဘဝရဲ့အဓိပ္ပါယ်များ
ဒီခရီးကကြမ်းတယ် ရော့ မင်းနောက်မှာကျောပိုးအိတ်လွယ်ထား
စိတ်တွေလေးနေလား ကိုယ့်ကိုယ်ကို အဆိပ်ပြန်ကြွေးနေလား
မှား မှန်တွေရွေးနေရ နောက်တခါပြန်မေးနေမှာ
ကိုယ့်စိတ်နဲ့ကိုယ်သာ သွားလာ ဆုံးဖြတ်ခဲ့တာ အမှားမပါ
နေ့နဲ့ညတွေ ခြေဦးတည့်ရာ လွတ်လပ်မှုနဲ့ ငါ့ကမ္ဘာ
ခန္ဓာကိုယ်အတွက် အစားအစာ ပင်ပန်းတဲ့နေ့တွေ နားရ
ကျော်ဖြတ်ခဲ့တဲ့မိုင်တိုင်တွေ ရေတွက်ရင်းနဲ့ ဘဝကဗျာ
ဖြစ်ပျက်ခဲ့တာတွေရဲ့အနောက်မှာ ပစ္စုပ္ပန်ကို ငါပိုင်တယ်
လက်ဘက်ရည်တစ်ခွက်ထဲနဲ့လည်း နေဝင်ချိန်အထိ ငါထိုင်ခဲ့
ရုပ်ဝတ္ထုရဲ့လှည့်ဖြားခြင်းတွေ စိတ်မဝင်စားရင် ဘာဆိုင်မလဲ
ကမ်းစပ်တစ်ခုရဲ့သဲသောင်ပြင်မှာ ရောက်တတ်ရာရာ ငါထိုင်ဆွဲ
အဝေးမတွေးနဲ့ စိတ်ဝိဥာဉ်လည်းအေးဆေးပဲ
နာရီမိနစ်စက္ကန့်တွေ ကြိုက်တဲ့အရောင် ဆေးရေးခြယ်
သဘာဝရဲ့ဖျော်ဖြေမှု ဘယ်တစ်ခုကို မင်းရွေးမလဲ
ငါကတော့ ကြယ်တွေကြည့်တဲ့ညပွဲစဉ်မှာ စာရင်းပေးမယ်
မသေချာဆုံးအရာဆိုတာ အသေချာဆုံးပဲ
ဝင်သက်ထွက်သက်တွေကို တန်ဖိုးရှိအောင်သုံးစွဲ
စိတ်အဆင်မပြေတဲ့ ပတ်ဝန်းကျင်ကိုလည်း မင်း မမုန်းနဲ့
မြို့ပြမွန်းကြပ်မှုတွေကနေပဲ လွတ်အောင်ရုန်းခဲ့
ဘဝရဲ့အဓိပ္ပါယ်များ ဘဝရဲ့အဓိပ္ပါယ်များ
ဒီခရီးကကြမ်းတယ် ရော့ မင်းနောက်မှာကျောပိုးအိတ်လွယ်ထား
စိတ်တွေလေးနေလား ကိုယ့်ကိုယ်ကို အဆိပ်ပြန်ကြွေးနေလား
မှား မှန်တွေရွေးနေရ နောက်တခါပြန်မေးနေမှာ
ဘဝရဲ့အဓိပ္ပါယ်များ ဘဝရဲ့အဓိပ္ပါယ်များ
ဒီခရီးကကြမ်းတယ် ရော့ မင်းနောက်မှာကျောပိုးအိတ်လွယ်ထား
စိတ်တွေလေးနေလား ကိုယ့်ကိုယ်ကို အဆိပ်ပြန်ကြွေးနေလား
မှား မှန်တွေရွေးနေရ နောက်တခါပြန်မေးနေမှာ
မနက်ခင်းနေရောင်ခြည်ဟာ တိမ်ဆိုင်ကိုတိုးမပေါက်
အမြင့်ဆုံးတောင်ထိပ်ကကြည့် တိမ်တွေဆိုတာ ဟိုးအောက်
စမ်းချောင်းလေးရဲ့စီးဆင်းရာဆီ ခြေရာခံကာ တိုးလျှောက်
လတ်ဆတ်တဲ့လေကိုရှု ခရီးတထောက်နားခဲ့ မိုးသောက်
တိုက်ခတ်လာတဲ့ လေညင်းနဲ့ ဝါးရွက်သံ ဂီတ
နိုးမထချင်အောင်ချော့မြူ တီးဆိုနေသည့်အလား
နားစွဲပြီးသားသံစဉ်တစ်ခုကို ညည်းဆိုမိတဲ့အခါ
ပြီးပြည့်စုံတဲ့နေ့ရဲ့အစပြု ခရီးတို့နီးခဲ့တာ
မေ့ဖို့သင့်တာတွေ မတွေးဘူးအခုချိန်ငါ ဆုံးဖြတ်
အန်ထွက်လာတဲ့နောင်တတွေ စကားလုံးအဖြစ်ငါ နှုတ်ထွက်
ပုလင်းထဲမှာထည့်ပြီးထားမယ် တစ်သက်စာနှုတ်ဆက်
ဘယ်နေရာလဲမပြောတော့ဘူး အဲဒါမြှုပ်ကွက်
ထားခဲ့လိုက်တယ် သဘာဝထဲမှာ အတိတ်ကို
သွားခဲ့လိုက်တယ် ခြေဦးတည့်ရာ စိတ်အလို
နားခဲ့လိုက်တယ် ကြုံတဲ့နေရာ အိပ်လို့
ဟားခဲ့လိုက်တယ် မြို့ပြရဲ့ state ကို
ငါသိတဲ့အကြောင်းအရာများကို သေချာစွာ ရှင်းပြ
ဘဝရဲ့သတ်ပုံကျမ်း မှတ်တမ်းတွေအကုန်ကို ဖွေရှာကာ အလင်းပြ
မင်းအထာ ငါ့အထာ အတင်းတွေပြောတဲ့ကမ္ဘာ
သီချင်းတွေစကားပြောတဲ့အခါ ငါတို့က စျေးတွေပေါခဲ့သလား
(Rubbish Muxic, Thein Myint Oo, Cap-T, ခရီးတစ်ခု)



Credits
Writer(s): Cap-t Cap-t
Lyrics powered by www.musixmatch.com

Link