Moe Nae Kyan Taw

မိုးဘာကြောင့်မို့ရွာတာတုန်း
ဒီအလွမ်းကစည်းခြားထား
မိုးခြိမ်းသံတွေဆိုမကြားချင်ဘူး ငါ့ကိုယ်ငါပြန်မုန်းမိလို့
တိမ်တွေကပြို အုံ့မှိုင်းတယ့်အနာဂတ်အတွက်
ဒီနာကျင်မှုမျိုး မိုးမင်းကြီးကြိုဆိုလိုက်သလို
ထားခဲ့မယ့်သူကထားခဲ့ရမှာပဲလို့
မျှော်လင့်ချက်ကြီးသူက ဒဏ်ရာတွေပိုကြီးနေရစမြဲ မိုး
မသည်းနဲ့ဦး ဒီတိုင်းလေးထပ်ဆန္ဒတွေမပြည့်စုံလို့ ဟိုး
ကျန်ခဲ့ရသူအတွက် ကိုယ်ချင်းလေးစာပေးဦး မခြိမ်းနဲ့ မိုး
ပါးထပ်ကမျက်ရည်လည်း အလွမ်းနဲ့သက်သေပဲမို့
ဆက်အသက်ရှင်ရမယ့်အစား တစ်ပါးထဲသာငါ့ကိုခေါ်သွားပါ မိုး
မိုးဘာကြောင့်မို့ရွာတာတုန်း
ဒီအလွမ်းကစည်းခြားထား
မိုးခြိမ်းသံတွေဆိုမကြားချင်ဘူး ငါအတိတ်ကိုရောက်မိလို့
တိမ်တွေကပြို အုံ့မှိုင်းတယ့်အနာဂတ်အတွက်
ဒီနာကျင်မှုမျိုး မိုးမင်းကြီးကြိုဆိုလိုက်သလို
ထားခဲ့မယ့်သူကထားခဲ့ရမှာပဲလို့
မျှော်လင့်ချက်ကြီးသူက ဒဏ်ရာတွေပိုကြီးနေရစမြဲ မိုး
မသည်းနဲ့ဦး ဒီတိုင်းလေးထပ်ဆန္ဒတွေမပြည့်စုံလို့ ဟိုး
ကျန်ခဲ့ရသူအတွက် ကိုယ်ချင်းလေးစာပေးဦး မခြိမ်းနဲ့ မိုး
ပါးထပ်ကမျက်ရည်လည်း အလွမ်းနဲ့သက်သေပဲမို့
ဆက်အသက်ရှင်ရမယ့်အစား တစ်ပါးထဲသာငါ့ကိုခေါ်သွားပါ မိုး
ခေါ်သွားပါ မိုး
တစ်ပါးထဲသာငါ့ကိုခေါ်သွားပါ မိုး
ခေါ်သွားပါ မိုး
မသည်းနဲ့မိုး



Credits
Writer(s): Htoo D
Lyrics powered by www.musixmatch.com

Link