For U

မနက်ခင်းလေးတွေတောင် မင်းကြောင့်
ကဗျာပိုဆန်လို့သွား
ရယ်ပြုံးမိသယောင် အကြည့်အောက်
ငါလေရင်ခုန်သွား
မတော်တဆ ချစ်မိသွားခဲ့ခြင်းဟာ
အပြစ်လား
အကြင်နာများ ပေးစွမ်းနိုင်သူရာ
အလှဆုံးပန်းတွေတောင် မင်းကြောင့်
အရောင်ပိုမှိန်လို့သွား
အလှ မရှိတောင်
ဒီကမ္ဘာမြေဟာ မပြောင်းပါ
နင်ဖြန့်ကျက်လို့ထားတဲ့ အလင်းများအောက်မှာ
ပြန်တောက်ပမှာ
ရင်မှာမင်းတစ်ယောက်တည်းသာ
နေရာအကုန် အပိုင်ယူထားတာ
ဘယ်သူမှပေးဖို့မရှိပါ ငါ့နောက်ထပ်အကြင်နာ
အချစ်များ မင်းသွားဖို့ရာ
ငါချခင်းကာ ထားပီးသားပါ
မင်းလမ်းကာ နင်းလျှောက်ပါ အချစ်လေး
အတွေးထဲမှာ ရောင်စုံစီခြယ်ကာထားတဲ့
ပန်းချီကား
မတွေးရဲပါ နင်ငြိုငြင်လို့သွားမဲ့ အခြေနေများ
အမြဲတမ်းငါ အလိုက်သိစိတ်များနဲ့ပဲ
စောင့်ရှောက်မှာ
ခလုတ်မထိပါ ဆူးမငြိပါ အချစ်လေး
ရင်မှာမင်းတစ်ယောက်တည်းသာ
နေရာအကုန် အပိုင်ယူထားတာ
ဘယ်သူမှပေးဖို့မရှိပါ ငါ့နောက်ထပ်အကြင်နာ
အချစ်များ မင်းသွားဖို့ရာ
ငါချခင်းကာ ထားပီးသားပါ
မင်းလမ်းကာ နင်းလျှောက်ပါ အချစ်လေး
ဟူး ငါ့ဘက်က အမှန်တရား
မုသားလဲကင်းစင် အလိမ်အညာမပါ
ငါလိုချင်နေတာ ဒီတစ်ခုတည်းသော အချစ်ပါ
မျှော်လင့်ခွင့်ပေးပါ အဆုံးထိကွာ
စောင့်နေမှာ
ရင်မှာ မင်းတစ်ယောက်တည်းသာ
နေရာအကုန် အပိုင်ယူထားတာ
ဘယ်သူမှပေးဖို့မရှိပါ ငါ့နောက်ထပ်အကြင်နာ
အချစ်များ မင်းသွားဖို့ရာ
ငါချခင်းကာ ထားပီးသားပါ
မင်းလမ်းကာ နင်းလျှောက်ပါ
ရင်မှာမင်းတစ်ယောက်တည်းသာ
နေရာအကုန် အပိုင်ယူထားတာ
ဘယ်သူမှပေးဖို့မရှိပါ ငါ့နောက်ထပ်အကြင်နာ
အချစ်များ မင်းသွားဖို့ရာ
ငါချခင်းကာ ထားပီးသားပါ
မင်းလမ်းကာ နင်းလျှောက်ပါ အချစ်လေး



Credits
Writer(s): Aung Kaung Khant
Lyrics powered by www.musixmatch.com

Link