Entrance of an Exit

မောဟိုက်မှုများနဲ့နိုးလာချိန်မှာ
ကြုံခဲ့ရသမျှကအိပ်မက်လား
မပြီးသေးတဲ့မနေ့ကအဖြစ်တွေလား ခွဲမရပါ

တောင့်တမိတဲ့အလင်းရောင်ဟာ
တံလျှပ်တို့နိုးထဖို့အတွက်အကြောင်းတစ်ခုလား
အမှောင်ထုကရိုးသားမှုရဲ့နိမိတ်ပုံလား တွေးမရပါ

ဒီနေ့လား... ဒါမနေ့ကလား
အိပ်မက်လား... လက်တွေ့လား
Music
ရုန်းထွက်ဖို့အားထုတ်ချိန်မှာ
ခြေလှမ်းများအနောက်ဘက်သို့ဦးတည်နေလား
မျက်လုံးများကအမြဲမှန်နိုင်လား မသိတော့ပါ

ပြေးထွက်လို့လွတ်နိုင်မလား
လက်လျှော့လိုက်မှ ထွက်ပေါက်ကိုငါမြင်ရမလား
ငါ့နောက်ကငါ့ရဲ့အရိပ်က မောပန်းလို့နေမလား

ဒီနေ့လား... ဒါမနေ့ကလား
အိပ်မက်လား... လက်တွေ့လား



Credits
Writer(s): Okkar Myint Myat
Lyrics powered by www.musixmatch.com

Link