Sisyphus

ငါကိုယ်တိုင်မသိလိုက်ရပါ
ဘယ်လိုအဆုံးသတ်ခဲ့တာလဲ
ချစ်ခဲ့မိတာ နမိတ်ဆိုးတစ်ခုပဲ
ငါနောက်ကျောဘက်လှည့်လည်
ပြန်ကာကြည့်လိုက်မိစဉ်မှာ
ဘာမှမရှိပါ တံလျှပ်တစ်ခုသာ

အလင်းနှစ်များစွာ
ဒဏ်ယာတွေကို ကုစားရင်း
အကျဉ်းကျခဲ့သူ
သံသရာလည်နေထွက်ပြေးမရ

နင်ဖန်ဆင်းခဲ့သော ၀င်္ဂပါ နန်းတော်မှာ
ငါရုန်းထွက်မရ
နင့်အပြုံးတွေကြား ငါပိတ်လှောင်ကာ
နစ်မွန်းခဲ့ရ
ဆေးတွေမသောက်သေးပါ
အခန်းနံပါတ် (၃) မှာ
ဒီအဖြစ်တွေနဲ့ ငါအသက်ရှင်ရတာ
ဘယ်လိုအဆုံးသတ်မှာလဲကွာ

ရွှေရောင်လွှမ်းတဲ့ပျားရည်ဟာ
အဆိတ်တစ်ခွက်ဖြစ်ခဲ့လဲ
မျက်စိမှိတ်ငါ အကုန်မော့ခဲ့
ဒီလိုအိပ်မက်မျိုးကို ငါနောက်ထပ်မမက်ဝံ့ဘူး
မျှော်လင့်ချက်မဲ့တဲ့ အနာဂတ်တစ်ခု

အလင်းနှစ်များစွာ
ဒဏ်ယာတွေကို ကုစားရင်း
အကျဉ်းကျခဲ့သူ
သံသရာလည်နေထွက်ပြေးမရ

နင်ဖန်ဆင်းခဲ့သော ၀င်္ဂပါ နန်းတော်မှာ
ငါရုန်းထွက်မရ
နင့်အပြုံးတွေကြား ငါပိတ်လှောင်ကာ
နစ်မွန်းခဲ့ရ
ဆေးတွေမသောက်သေးပါ
အခန်းနံပါတ် (၃) မှာ
ဒီအဖြစ်တွေနဲ့ ငါအသက်ရှင်ရတာ
ဘယ်လိုအဆုံးသတ်မှာလဲကွာ

နင်ဖန်ဆင်းခဲ့သော ၀င်္ဂပါ နန်းတော်မှာ
ငါရုန်းထွက်မရ
နင့်အပြုံးတွေကြား ငါပိတ်လှောင်ကာ
နစ်မွန်းခဲ့ရ
ဆေးတွေမသောက်သေးပါ
အခန်းနံပါတ် (၃) မှာ
ဒီအဖြစ်တွေနဲ့ ငါအသက်ရှင်ရတာ
ဘယ်လိုအဆုံးသတ်မှာလဲကွာ



Credits
Writer(s): Nyan Min Htet
Lyrics powered by www.musixmatch.com

Link