Hnote Sat Sar

နောက်ဆုံးနှုတ်ဆက်လို့ လမ်းခွဲခဲ့ပြီအချစ်လေး
ဘဝခရီးများလှဖို့ လမ်းခွဲခဲ့ပြီအချစ်လေး
နာကြည်းထားသွားလဲ မုန်းမပစ်ရက်ပါအချစ်လေး
မင်းပျော်လိုက်ပါကွယ် ငါ့ကိုမေ့လို့ထားခဲ့အချစ်လေး

တကယ်တမ်းကြတော့ လမ်းခွဲတယ်ဆိုတာအရမ်းလွယ်ပါတယ်
တယောက်နဲ့တယောက်ပြတ်ပြီလိုပြောလိုက်တာက လမ်းခွဲတာပဲ
ဒါပေမဲ့ ရင်ထဲမှာရှိတဲ့ခံစားချက်တွေကတော့ ဘယ်လိုလုပ်အဲ့ဒီလောက်လွယ်မှာလဲ
တနေ့နေ့တော့ပျောက်ကွယ်မှာပဲဆိုပြီးတော့ငါအခုထိစောင့်နေတာပဲ
မင်းပြန်လာမလားဆိုပြီးတော့မျှော်လင့်ချက်တွေကလဲလျှောက်ဝင်လာတယ်
တကယ်တော့ငါကမင်းမရှိတော့ဘူးဆိုတဲ့အသိကိုလက်ခံလိုက်ဖို့ကြောက်နေတာတကယ်
တကိုယ်တည်းလျှောက်နေတာပဲ ဒါပေမဲ့လမ်းတွေကတော့အခုထိပျောက်နေကာလည်
မင်းကိုငါစောင့်နေပါတယ်ဆိုတဲ့စကားလေးကိုမင်းသိအောင်ငါထပ်ပြောချင်ပါတယ်
ပြောချင်ပါတယ် အရင်ကမင်းကြိုက်တဲ့မုန့်လေးတွေ
မင်းပေးတဲ့အရုပ်လေးတွေကိုအခုထက်ထိငါသိမ်းထားတုန်းပဲ
မင်းရေးတဲ့စာလေးတွေကိုဖတ်ပြီးတော့မင်းကိုငါဘယ်လိုစိမ်းကားမုန်းမလဲ
ငါ့စိတ်တွေကအခုထပ်ထိမင်းရှိတဲ့နေရာတွေကိုပြေးလွှားတုန်းပဲ
အော်ဘဝဆိုတာဒီလိုပါပဲ
ကိုယ်ချစ်တဲ့သူတွေနဲ့တွေ့ဆုံကြုံကြိုက်ပြီးရင် ဝေးရဦးမယ် ဝေးရဦးမယ်

နောက်ဆုံးနှုတ်ဆက်လို့ လမ်းခွဲခဲ့ပြီအချစ်လေး
ဘဝခရီးများလှဖို့ လမ်းခွဲခဲ့ပြီအချစ်လေး
နာကြည်းထားသွားလဲ မုန်းမပစ်ရက်ပါအချစ်လေး
မင်းပျော်လိုက်ပါကွယ် ငါ့ကိုမေ့လို့ထားခဲ့အချစ်လေး

ချစ်လေး မင်းဒီသီချင်းလေးနားထောင်ပြီးတော့မင်းမျက်ရည်မကျဘူးလို့
ကိုယ့်ကိုကတိပေးပါ
အရင်ကမင်းရဲ့ဘေးမှာရှိနေပေးတဲ့ကိုယ့်ရဲ့အတွေးဟာ
အခုထပ်ထိမင်းရဲ့ဘေးမှာရှိနေဆဲပါ
ဘာကြောင့်ပဲဝေးကွာဝေးကွာ
တစိမ်းတွေလို့မဆက်ဆံကြေးကွာ



Credits
Writer(s): Hlwan Paing
Lyrics powered by www.musixmatch.com

Link