Myat Hsi Hmate Chit Nay Mal

မပီပြင် ဝိုးတဝါး အချစ်တစ်ခုထဲ
ခုံမင်နှစ်သက်လို့နေခဲ့
ယုံတမ်းစကားပြောကာ ချစ်ပြလိုက်တာ
ပျော်နေသူပါကွယ်
နွေရာသီလမ်းလေး လှနေဆဲ
ကိုယ်နဲ့မင်းနဲ့လည်း အတူပဲ
ချစ်ခြင်းဖွဲ့စကားတွေ ပြောခဲ့ကြတာ
ပြန်မြင်ယောင်နေတယ်

အချစ်တွေ မကုန်ဆုံးဘူး
မပျက်သုဉ်းဘူး
ကိုယ်တစ်ယောက်ထဲ ချစ်ပြပါ့မယ်
သူ့စိတ်ကူးထဲ ကိုယ်မရှိခဲ့
အချိန်ရယ် ကြာပြီပဲ

အို တို့အချစ်က လှောင်ရယ်စရာများ ဖြစ်နေလား
မင်းရဲ့အမြင်နဲ့ တစ်ဖက်သတ်အမှား
ကိုယ်နာကျင်စွာနဲ့ ဆက်ချစ်သွားခဲ့တာ
တစ်ချိန်မှာ ဝေးကြရဖို့
တစ်ချိန်က သိပ်ချစ်ခဲ့တာလား
ဒီလောက်နဲ့ အချစ်ကို အဆုံးသတ်ချင်လိုက်တာ

အိပ်မက်လေးလည်း သိပ်ကြေကွဲ
အချိန်တွေခြားလို့ လွင့်ပြယ်ခဲ့
ဘာမှန်းမသိတဲ့ အချစ်ပေါ် အလေးအနက်ထားတာ
ကိုယ် လွန်ပြီထင်တယ်
နွေရာသီလမ်းလေး လှနေဆဲ
ကိုယ်နဲ့မင်းနဲ့လည်း အတူပဲ
ချစ်ခြင်းဖွဲ့စကားတွေ ပြောခဲ့ကြတာ
ပြန်မြင်ယောင်နေတယ်

အချစ်တွေ မကုန်ဆုံးဘူး
မပျက်သုဉ်းဘူး
ကိုယ်တစ်ယောက်ထဲ ချစ်ပြပါ့မယ်
သူ့စိတ်ကူးထဲ ကိုယ်မရှိခဲ့
အချိန်ရယ် ကြာပြီပဲ

အို တို့အချစ်က လှောင်ရယ်စရာများ ဖြစ်နေလား
မင်းရဲ့အမြင်နဲ့ တစ်ဖက်သတ်အမှား
ကိုယ်နာကျင်စွာနဲ့ ဆက်ချစ်သွားခဲ့တာ
တစ်ချိန်မှာ ဝေးကြရဖို့
တစ်ချိန်က သိပ်ချစ်ခဲ့တာလား
မပြတ်သားတဲ့ အချစ်တွေ အဆုံးသတ်ချင်လိုက်တာ

ရင်မှာမီးလို လောင်ကျွမ်းလို့
ကိုယ့်အသည်းလေးလည်း မချိအောင်ပဲ
ခံစားရတော့မှာ ဘယ်အချိန်ထိလဲ
အနာဂတ်များစွာ ဖျက်ဆီးလို့
သူလေ ကိုယ့်ဘက်မရှိပေမယ့်
မျက်စိမှိတ်ကာ အခုထိ ချစ်နေတယ်

မျက်စိမှိတ်ကာ အခုထိ ချစ်နေမယ်



Credits
Writer(s): Hel Lay
Lyrics powered by www.musixmatch.com

Link