A Hla Sone Gabar

ကျေးငှက်တို့သီချင်းဆိုနေ ဘေးပတ်လည်
ဒေလီယာမြိုင်မြိုင်ယိမ်းကတဲ့
ပန်းခင်းထဲရောက်သွားသလို
မင်းနဲ့တွေ့တဲ့အခါတိုင်း

ပြောမယ့်စကားလုံးတွေ ခဏခဏငြိမ်သက်
မျက်ဝန်းမှာတင်အရှုံးပေါ်မယ့်
ကိုယ့်အဖြစ်ကမတွေးရဲစရာ (အိုဟိုဟိုး)
လတ်ဆတ်တဲ့အချစ်များ

အင်းစက်တွေလမ်းလျှောက်ပြီး လူတွေပျံဝဲ
မင်းနဲ့ရှိရင် ကမ္ဘာဟာပြောင်းပြန်
ရင်ခုန်သံတွေဗြောင်းဆန်
တစ်ဖန်ပြန်အသက်ဝင်လာပြီ
ငါ့နှလုံးသား

ကကြီးရေး က
စလုံးရေး စ
မင်းနဲ့တွေ့မှ ဘဝကစ
အခက်အခဲတွေရဲ့ကြားက (အခက်အခဲတွေရဲ့ကြားက)
အလှဆုံးဖြစ်နေတဲ့အရာ
အတိတ်နဲ့မနက်ဖြန်ကိစ္စခေါက်ထားတယ် (ခေါက်ထားတယ်)
မင်းပုခုံးတစ်ဖက်ပေါ်မှီရင်
ဒဏ်ရာတွေကမြူမှုန်စ
ရှင်သန်မဝတဲ့နေရာ

အင်းစက်တွေလမ်းလျှောက်ပြီး လူတွေပျံဝဲ
မင်းနဲ့ရှိရင် ကမ္ဘာဟာပြောင်းပြန်
ရင်ခုန်သံတွေဗြောင်းဆန်
ပြန်အသက်ဝင်လာပြီ (ပြန်အသက်ဝင်လာပြီ)
အသက်ဝင်ပြီ ငါ့နှလုံးသား

ပန်းလိုတိမ်တွေပေါ်မှာကခုန်
ကိုယ့်ရဲ့စိတ်တွေမှာ
အတောင်ပံပါလားမသိ
အချစ်တွေ ဝဲပျံနေ
မင်းနဲ့ရှိတဲ့ကမ္ဘာဟာအလှဆုံးလေ
အင်းစက်တို့လမ်းလျှောက်နေ
အချစ်တွေဝဲပျံ



Credits
Writer(s): Yumiko Win Din
Lyrics powered by www.musixmatch.com

Link