To the One I Loved

ကြိုသိခဲ့သင့်တယ်
ဒီလိုနေ့မျိုးရောက်လာမယ်
မျှော်လင့်ချက်များရယ်
နေဝင်နိဂုံးချုပ်ပြီပဲ

ပြန်မရနိုင်တဲ့
နေ့စွဲတွေပဲ
လက်ချိုးရေရင်း
ကြေကွဲ

ကိုယ့်ရဲ့နှလုံးသားထောင့်တစ်နေရာမှာ
မင်းအပြုံးလေးတွေဟာငြိတွယ်
ပေးခဲ့ဖူးတဲ့အနမ်းတွေ
ဘယ်ဆီရောက်သွားလဲ
မိုးလင်းသွားတဲ့ညတွေလွန်ရင်
မိုးချုပ်သွားတဲ့မနက်ခင်းထဲ
သိပ်လွမ်း နေတယ်

ကိုယ်ကြိုးစားခဲ့လည်း
အချိန်တွေကုန်သွားခဲ့တာပဲ
ဒီကွက်လပ်များအလယ်
အရာရာဖြည့်ဆည်းမပေးနိုင်ခဲ့

ပြန်တွေးရင်လည်း
အို မျက်ရည်ဝဲ
ကိုယ်မေ့ချင်ခဲ့သော်လည်း

ကိုယ့်ရဲ့နှလုံးသားထောင့်တစ်နေရာမှာ
မင်းအပြုံးလေးတွေဟာငြိတွယ်
ပေးခဲ့ဖူးတဲ့အနမ်းတွေ
ဘယ်ဆီရောက်သွားလဲ
မိုးလင်းသွားတဲ့ညတွေလွန်ရင်
မိုးချုပ်သွားတဲ့မနက်ခင်းထဲ
သိပ်လွမ်း နေတယ်



Credits
Writer(s): Jerrieboo
Lyrics powered by www.musixmatch.com

Link