Ngar Chit Tar Min

ငါချစ်တာမင်း
မင်းချစ်တော့သူပေါ့
ငါမငိုဘူးချစ်သူရာ
မင်းအတွက်ဆိုအမြဲအရှုံးပေးပြီးသားပါ
မင်းဘက်ဘယ်သူမှမရှိတဲ့အခါ
သတိတော့ရပါကွာ

ကြာရင်မေ့လို့သွားမှာပါ
နှစ်သိမ့်နေကျစကား
ကမ္ဘာကြီးရဲ့တစ်ဖက်ငါမရှိတဲ့အရပ်မှာ
မင်းအဆင်ပြေရဲ့လား
မခံစားနိုင်ဘူးသိလား
အချစ်မဲ့နေ့စွဲများ
အလွမ်းတို့အပြည့်နဲ့နှလုံးသားထဲမှာ
မင်းကိုလိုအပ်တာ အိုး

ဟိုးအမြင့်ထက်ကမင်းကိုအဝေးကငေးရုံသာ
အရင်လိုရှိနေခွင့်တွေတစ်ခေါက်ပြန်ရရင်
ဘဝမှာသေပျော်မှာ

ငါချစ်တာမင်း
မင်းချစ်တော့သူပေါ့
ငါမငိုဘူးချစ်သူရာ
မင်းနားမှာရှိဖို့အတွက်အမြဲကြိုးစားမှာ
နှလုံးသားကိုမင်းနင်းစရာဖိနပ်အဖြစ်ထားပါ
ငါချစ်တာမင်း
မင်းချစ်တော့သူပေါ့
ငါမနာကျည်းရက်သူပါ
မင်းအတွက်ဆိုအမြဲအရှုံးပေးပြီးသားပါ
မင်းဘက်ဘယ်သူမှမရှိတဲ့အခါ
သတိတော့ရပါကွာ

လိုအပ်တိုင်းငါရှိမှာပါ
မင်းအတွက်အဆင်သင့်ပါ
ဒီလောကကြီးရဲ့အဝေးဆုံးတစ်ဖက်မှာ
စောင့်မျှော်နေဆဲပါ
မခံစားနိုင်ဘူးသိလား
အချစ်မဲ့နေ့စွဲများ
အလွမ်းတို့အပြည့်နဲ့နှလုံးသားထဲမှာ
မင်းကိုလိုအပ်တာ အိုး

ဟိုးအမြင့်ထက်ကမင်းကိုအဝေးကငေးရုံသာ
အရင်လိုရှိနေခွင့်တွေတစ်ခေါက်ပြန်ရရင်
ဘဝမှာသေပျော်မှာ အိုး

ငါချစ်တာမင်း
မင်းချစ်တော့သူပေါ့
ငါမငိုဘူးချစ်သူရာ
မင်းနားမှာရှိဖို့အတွက်အမြဲကြိုးစားမှာ
နှလုံးသားကိုမင်းနင်းစရာဖိနပ်အဖြစ်ထားပါ
ငါချစ်တာမင်း
မင်းချစ်တော့သူပေါ့
ငါမငိုဘူးချစ်သူရာ
မင်းနားမှာရှိဖို့အတွက်အမြဲကြိုးစားမှာ
နှလုံးသားကိုမင်းနင်းစရာဖိနပ်အဖြစ်ထားပါ
ငါချစ်တာမင်း
မင်းချစ်တော့သူပေါ့
ငါမနာကျည်းရက်သူပါ
မင်းအတွက်ဆိုအမြဲအရှုံးပေးပြီးသားပါ
မင်းဘက်ဘယ်သူမှမရှိတဲ့အခါ
သတိတော့ရပါကွာ

ငါချစ်တာမင်း (ငါချစ်တာမင်း)
မင်း (ငါချစ်တာမင်း)
မင်းချစ်တော့သူပေါ့
ဘယ်သူမှမရှိတဲ့အခါသတိတော့ရပါကွာ



Credits
Writer(s): Nay Zin Thet Naing
Lyrics powered by www.musixmatch.com

Link