Lullabies of Luminous Light Echoing from Two Sunken Towers

နေရပ်ကိုစွန့်ခွာပြေးကြရတဲ့ ပြည်နှင်ဒဏ်ခံယူခဲ့ရတဲ့နေ့ရက်တွေ
အရာအားလုံးခြောက်သွေ့နေတဲ့ဘဝတွေ
ဝိဉာဉ်အသေတွေရဲ့အချိန်ကာလတွေလေ
အဆိုးဝါးဆုံးသောအရာတွေနဲ့ အချိန်တစ်ခုထဲထပ်တူကျနေတဲ့ အကောင်းဆုံးသောအရာတွေ
နောက်တစ်ခါပြန်မြင်ရသလို အမြဲတမ်းငေးကြည့်ချင်မိတာ
ပေါ့ပေါ့ပါးပါးနဲ့ အပြာရောင်သမ်းနေတဲ့ကောင်းကင်အောက် ကိုယ်ရယ် မြူတွေရယ် ရောထွေးနေရတုန်းပေါ့
အလင်းရောင်ထဲ ဖြစ်ပျက်နေရတဲ့ဘဝတွေ အပျက်အစီးတွေကြားထဲ မတ်မတ်ရပ်နေတဲ့ ကျောက်တိုင်တွေလို
စုပြုံရောက်လာကြတဲ့ မရောက်လာတော့တဲ့ကောင်းချီးတွေ
တိုင်းတာလို့မရနိုင်တဲ့အရာတွေနဲ့အတူ အခိုက်အတန့်တစ်ခုစာ ရပ်တန့်သွားသလိုမျိုး
ရပ်နေခဲ့ပြီးမှ ညင်ညင်သာသာထခုန်ပြတဲ့ နှလုံးခုန်သံလို အနည်းဆုံးတော့ ဒီအခိုက်အတန့်ကာလတစ်ခုဆီ ဝင်ထွက်သွားလာနိုင်လာတယ်
ချစ်ခြင်းမေတ္တာကိုမခံစားရမှု ချစ်ခြင်းမခံခဲ့ရမှု
မချစ်တတ်တော့ခြင်းရဲ့ စိတ်ထိခိုက်နာကျင်ခဲ့ရမှုတွေ ထိခိုက်နာကျင်ရမှုကြောင့်ပဲ သေလုမြောပါးကိုဖြစ်လို့
တစ်ယောက်ယောက်ကတော့လေ အထဲမှာတည်ရှိနေတဲ့ အခိုက်အတန့်တွေရယ်
ပျော်ရွှင်မှုအရင်းအမြစ်နဲ့ လတ်ဆတ်မှုကို ထိန်းသိမ်းထားနိုင်ဖို့
အစွန်းအထင်းမရှိချန်ရစ်ထားခဲ့တဲ့ အလင်းရောင်ကို ချစ်မြတ်နိုးတတ်ရမယ်လေ
ကိုယ်တို့ရဲ့ ရူးသွပ်မှုအဆိုးဝါးဆုံးနှစ်တွေထဲက နုနယ်နေတဲ့ကောင်းကင်တွေဟာ ကိုယ်တို့ကိုဘယ်တော့မှမချန်ရစ်သွားခဲ့ဘူး
အဆုံးသတ်မှာ ဒီအရာကပဲကိုယ့်ကို စိတ်ပျက်လက်ပျက်ဖြစ်ရမှုထဲကနေ ကယ်ဆယ်နိုင်ခဲ့တယ်
ကံကြမ္မာတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ကြုံရတဲ့အခါမှာတော့ သူတို့ရဲ့နောက်ဆုံးခိုလှုံရာကလည်း ကိုယ်တို့ရဲ့နောက်ဆုံးခိုလှုံရာပဲ
မမြင်နိုင်တဲ့ မှေးမှိန်ဖျော့ရော့လာတဲ့အလင်းရောင်ကပဲ နေဝင်ချိန်ကိုသတ်မှတ်ကြသလိုပေါ့
တစ်နေ့တာချင်းဆီတိုင်း ဒီကမ္ဘာမှာတော့ အလင်းဟာ အကြိမ်ကြိမ်ပြန်မွေးဖွားလာရတယ်

အခုချိန်မှာနင်မငိုနဲ့လေ တစ်စက္ကန့်ချင်းတို့ဝေးနေရ ဖမ်းဆုပ်ထွေးပွေ့ဖက်လို့ထား
အထက်ကောင်းကင်သာ မျှော်ကြည့်/လင့်ရင်းငေး
လောင်ကျွမ်းရင်း အေးစက်နေရင်း အရှိုက်ထဲထိနစ်ဝင် နာကျင်စွာလင်းလက်
အခုအချိန်မှာ နင်ထွေးဖက်ထား
ထက်ကောင်းကင်မှာ လင်းလက်သွား



Credits
Writer(s): Kyaw Thet Khaing, The Sisyphean Condition
Lyrics powered by www.musixmatch.com

Link