A Thae Hna Lone Pyan Tan (feat. Min Thura Aung Sings Alex Cover Songs)

အတိတ်မေ့သွားတဲ့ လူတစ်ယောက်လို့ မေ့တတ်ချင်တယ်
ဟိုအရင်အချိန်တွေကလို့ ငါ့ရင်ထဲမှာ ပွေ့ဖက်ချင်တယ်
မင်းအငွေ့အသက်တွေပဲ ငါအိမ်ဦးခန်းထဲပြည့်နှက်နေဆဲ
အဝတ်စပေါ် ချရေးလိုက်တိုင်း မင်းပုံရိပ်တွေဆေးစက်ထင်တယ်
ငါပေးဆပ်ချင်တယ် အဲ့ဒါအချစ်လို့မှတ်ယူထားတဲ့သူ
Newton ရဲ့ နိယာမက ငါ့အတွက်ထပ်တူမကျခဲ့ဘူး
မင်းကတော့ မငဲ့ကွက်ဘဲနဲ့ လုပ်ချင်တာတွေ လုပ်တဲ့သူ
ငါအလိုလိုက်ခဲ့သမျှ သိပ်ချစ်လို့ မင်းရဲ့ရပိုင်ခွင့်တော့မဟုတ်ခဲ့ဘူး
ငါဆိုတာ အလယ်အလတ်တန်းစား သာမာန်လူတစ်ယောက်ပေါ့
ဒါပေမဲ့ မင်းကလွဲရင် တလောကလုံးကို အာခံခဲ့သူတစ်ယောက်ပေါ့
ငါနာခံခဲ့တယ်မင်းကို မင်းဘာတွေလုပ်လုပ် အပြစ်မဆို
မင်းဖြစ်ချင်သမျှ မင်းရစ်ချင်သမျှတွေ ဘယ်တုန်းကမှ မငြင်းဆို
အနိုင်အရှုံးမရှိတဲ့ အချစ်တဲ့ ငါပဲ မိုက်လုံးကြီးတာဖြစ်မယ်
တခါသုံးအချစ်လို ငါ့ကိုသုံးပြီး အမှိုက်ပုံးထဲကို ပစ်ထည့်
ငါ့ရင်ကိုခွဲပြီးနင်းချေလို့ မင်း Playlist ထဲက သီချင်းတွေလို
ခဏတဖြုတ်လောက်အပျင်းပြေဖို့ အလွဲသုံးစားလုပ်တယ် အချစ်တွေကို

မင်းကိုပဲချစ်နေခဲ့တာ ငါ့အမှားလား
မင်းကြောင့်ပဲ ပဲ့ကြွေသွားတဲ့ ဒီနှလုံးသား
အချစ်ကိုပဲ ကိုးကွယ်ခဲ့တဲ့ နေ့စွဲများ
ငါရူးသွပ်ခဲ့တာလား
ငါရူးသွပ်ခဲ့ ဒီဘဝတစ်သက်ပေါ့ထာဝရ
နိဂုံးချုပ်တော့လည်း ငါအသည်းနှလုံးရဲ့ဈာပန

ငါမင်းကို ကမူးရှူးထိုးလိုက်ရှာနေတယ် တစ်မြို့လုံးအနှံ့ပဲ
စိတ်ထဲမှာတခုခုဆို ရူးချင်နေတာတွေ တကိုယ်လုံးကိုပျံ့တယ်
ငါရဲ့နှလုံးသားတစ်ခုစာ လက်ဆောင်ထုပ်ပြီး အကုန်လုံးပုံအပ်ခဲ့
ဘဝမှာ ငါ့ကိုယ်ငါထက် အချစ်ကိုယုံတော့ စုံလုံးကိုကန်းတယ်
မင်းစိတ်လိုလက်ရ စကားတွေပြောရင် အလိုလို မိန်းမောမိသလို
မင်းမျက်နှာလေးကို အရိပ်တကြည့်ကြည့်နဲ့ မင်းရဲ့ အထိန်းတော်ကြီးလို
မင်းအမိန့်တော်ရှိလိုက်တိုင်းပေါ့ အကုန်လုံးကို စိန်ခေါ်မိသလို
မင်းဖုန်းပိတ်ထားလည်း မင်းအိမ်ရှေ့မှာ ငုတ်တုတ်အချိန်မတော်ကြီးကို
မခံနိုင်တဲ့ စိတ်ဆင်းရဲမှုတွေ ဘယ်တော့မှာ မင်းမဖြေရှင်းခဲ့ဘူး
အပေါ်ယံလောက်ပဲ မင်းတွဲခဲ့တာပါ အစကတည်းက ငါ့ကို မနှစ်သက်ဘူး
ဟုတ်တယ်မလား မင်းပြဿနာတက်တိုင်းအပြစ်တင်ပြီး အနိုင်ကျင့်တဲ့သူ
ဒါဆိုလည်း ဘာလို့ တွဲနေသေးလဲတဲ့ တွဲတာပေါ့ ငါမင်းကို မပစ်ရက်ဘူး
ဟုတ်တယ် ငါမင်းစွပ်စွဲသလို မရင့်ကျက်ဘူး
ဟုတ်တယ် ငါဖြစ်ချင်တိုင်းလည်း မဖြစ်ခဲ့ဘူး
နောက်ဆုံးတော့ မြေချလိုက်ရတဲ့ ငါနှလုံးသားရဲ့ အဖြစ်အပျက်တစ်ခု
မင်းသွားလိုရာကိုသွားနိုင်ပြီ ငါခွင့်လွှတ်လိုက်တယ်
အချစ်မဲ့သူ အချစ်မဲ့သူ

မင်းကိုပဲချစ်နေခဲ့တာ ငါ့အမှားလား
မင်းကြောင့်ပဲ ပဲ့ကြွေသွားတဲ့ ဒီနှလုံးသား
အချစ်ကိုပဲ ကိုးကွယ်ခဲ့တဲ့ နေ့စွဲများ
ငါရူးသွပ်ခဲ့တာလား
ငါရူးသွပ်ခဲ့ ဒီဘဝတစ်သက်ပေါ့ထာဝရ
နိဂုံးချုပ်တော့လည်း ငါအသည်းနှလုံးရဲ့ဈာပန

ကျနော်ငယ်ငယ်က ပုံပြင်တွေသင်ကြားခဲ့ဖူးတယ်
ချစ်ပြီးရင်ညားကြတယ်လို့ပဲ ထင်ထားခဲ့ဖူးတယ်
သူမနဲ့တွေ့လာတဲ့အခါ လောကက နိဗ္ဗာန်တစ်ခုပဲ
ဘယ်တော့မှမဝေးတော့ဘူးဆိုပြီး အဓိဌာန်ပြုတယ်
သူမကိုပိုင်ဆိုင်ရစဉ်မှာ တဒင်္ဂ ဘဝမေ့ခဲ့
ပျော်ရွှင်ရီမောခဲ့ဖူးတာတွေလည်း ခဏလေးပဲ
တကယ်တမ်း သူမ မရှိတဲ့အခါ ကာရံမညီမျှခဲ့
ကျနော်က ဒုက္ခိတလို့အမည်ရတယ်

မင်းကိုပဲချစ်နေခဲ့တာ ငါ့အမှားလား
မင်းကြောင့်ပဲ ပဲ့ကြွေသွားတဲ့ ဒီနှလုံးသား
အချစ်ကိုပဲ ကိုးကွယ်ခဲ့တဲ့ နေ့စွဲများ
ငါရူးသွပ်ခဲ့တာလား
ငါရူးသွပ်ခဲ့ ဒီဘဝတစ်သက်ပေါ့ထာဝရ
နိဂုံးချုပ်တော့လည်း ငါအသည်းနှလုံးရဲ့ဈာပန

မင်းကိုပဲချစ်နေခဲ့တာ ငါ့အမှားလား
မင်းကြောင့်ပဲ ပဲ့ကြွေသွားတဲ့ ဒီနှလုံးသား
အချစ်ကိုပဲ ကိုးကွယ်ခဲ့တဲ့ နေ့စွဲများ
ငါရူးသွပ်ခဲ့တာလား
ငါရူးသွပ်ခဲ့ ဒီဘဝတစ်သက်ပေါ့ထာဝရ
နိဂုံးချုပ်တော့လည်း ငါအသည်းနှလုံးရဲ့ဈာပန

အသည်းနှလုံးရဲ့ဈာပန
မင်းကြောင့်ပဲ ပဲ့ကြွေသွားတဲ့ ဒီနှလုံးသား



Credits
Writer(s): Sai Sai Kham Leng
Lyrics powered by www.musixmatch.com

Link